Home
မြန်မာသတင်း
မန္တလေးမြို့တွင် စေတနာ့ဝန်ထမ်းများအား Swab ယူနည်း သင်တန်းပေး  
DVB
·
September 23, 2020
119945820_2778850492371992_2536923035262082404_o
မန္တလေးမြို့မှာ ကိုဗစ်-၁၉ ဆေးစစ်ဖို့အတွက် နှာခေါင်းနဲ့ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ  Swab ယူနေတဲ့အဖွဲ့တွေကို ကူညီနိုင်ဖို့ ဆေးဖက်ဆိုင်ရာနယ်ပယ်က စေတနာဝန်ထမ်း Volunteers တွေကို Swab ယူနည်း သင်တန်းပေးနေပါတယ်။  စက်တင်ဘာ ၂၁ ရက်က ဆေးတက္ကသိုလ် (မန္တလေး) Skill Lab မှ Swab ယူနည်း သင်တန်းပေးခဲ့တာဖြစ်ပါတယ်။ ဒီသင်တန်းမှာ ဆေးတက္ကသိုလ် (မန္တလေး) သင်ကြားရေးပိုင်းမှ ဆရာ၊ ဆရာမတွေ၊ မန္တလေးဆေးရုံကြီးမှ ဆရာဝန်တွေ၊ သူနာပြုတက္ကသိုလ် မန္တလေး၊ သွားဖက်ဆိုင်ရာတက္ကသိုလ် မန္တလေး၊ ဆေးဝါးတက္ကသိုလ် မန္တလေး၊ တိုင်းရင်းဆေးတက္ကသိုလ် မန္တလေးတို့က စေတနာ့ဝန်ထမ်း သင်တန်းသား  အယောက်  ၃၀ တက် ရောက်ခဲ့ပါတယ်။  လက်ရှိမှ Swab ယူတဲ့လုပ်ငန်းတွေကို တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ယူ လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိတာဝန်ယူနေတဲ့ အဖွဲ့ကို တစ်ဖက်တစ်လမ်းက ပါဝင်ကူညီပေးနိုင်ဖို့ အခုလို သင်တန်း ဖွင့်လှစ်သင်ကြားပေးတာပါ။ လာမယ့်သီတင်းပတ်မှာလည်း  ဒုတိယအကြိမ် သင်တန်းထပ်မံပေးမှာ ဖြစ်ပြီး အဆိုပါ သင်တန်း ပြီးစီးပါက သင်တန်းဆင်း စေတနာ့ဝန်ထမ်း  အရေအတွက်  အယောက်   ၆၀ လောက် ရှိလာမှာ ဖြစ်ပါတယ်။ သင်တန်းဆင်း စေတနာ့ဝန်ထမ်းတွေအနေနဲ့ မန္တလေးမြို့မှာ Swab ယူတဲ့ လုပ်ငန်းတွေကိုသာ အဓိက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ သတင်း-  သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024