Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်နှင့် ရွှေလီတွင် Lockdown ပြန်ဖွင့်
DVB
·
September 22, 2020
120031260_3571395702910713_41162418965874459_n
119890470_3571395819577368_6391738905164268212_n
119684136_3571395906244026_6534727884086274177_n
မြန်မာနဲ့ တရုတ်နိုင်ငံအကြား အဓိက ကုန်သွယ်မှုစီးဆင်းရာဖြစ်တဲ့ တရုတ်နိုင်ငံ ကျယ်ဂေါင်နဲ့ ရွှေလီမြို့တွေကို Lockdown ချထားရာက စက်တင်ဘာ ၂၁ ရက် ည ၁၀ နာရီမှာ ပြန်လည် ဖွင့်လိုက်ပြီလို့ ရွှေလီမြို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦး နေထိုင်ရာ ရွှေလီမြို့ အောက်ရှင်းကျီ ရပ်ကွက်ကိုတော့ နောက်တစ်ကြိမ် ပိုးစစ်ပြီး စက်တင်ဘာ ၂၆ ရက်နေ့မှာ Lockdown သတ်မှတ်ထားတာကို ပယ်ဖျက်သွားမှာ ဖြစ်ကြောင်း တရုတ်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့မှာ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ရုပ်ရှင်ရုံတွေ၊ KTV တွေ၊ အနှိပ်ခန်းတွေကိုတော့ ဖွင့်လှစ်ခွင့် မပြုသေးပါဘူး။ ရွှေလီမြို့ တမြို့လုံးကို  စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီမှစတင်ပြီး Lockdown သတ်မှတ်ထားရာမှ တပတ်အကြာမှာ Lockdown ပြန်လည်ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။ အခုလို အသွားအလာကန့်သတ်ထားတာကို ပြန်ရုပ်သိမ်းလိုက်တဲ့အတွက် မကြာမီ မြန်မာ - တရုတ် ကုန်စည်စီးဆင်းတာတွေလည်း ပုံမှန်ပြန်ဖြစ်တော့မယ်လို့ ဒေသခံ ကုန်သည်တွေက မျှော်လင့်ထားပါတယ်။  သတင်း - Pra Jaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024