Home
မြန်မာသတင်း
ဧရာဝတီတိုင်းက စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချ
DVB
·
September 15, 2020
119279184_942288006255543_2561473984093677436_o
ကူးစက်မြန်ရောဂါ ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ ရောဂါပြန့်ပွားမှုမြင့်တက်လာပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းက စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ရောင်းချချိန် ကန့်သတ်ပြီး ပါဆယ်စနစ်ရောင်းချဖို့ တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ထားပါတယ်။ တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ ဖွင့်လှစ်ရောင်းချနေတဲ့ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို စက်တင်ဘာ ၁၅ ရက်နေ့က အောက်တိုဘာ ၁ ရက်အထိ မနက် ၆ နာရီမှ ည ၈ နာရီအထိသာ ဖွင့်လှစ်ရောင်းချဖို့ အမိန့်ထုတ်လိုက်တာလို့ တိုင်းအစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ "ဒါတွေနဲ့ ပတ်သက်ပြီး မြို့နယ်အလိုက်မှာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းရှိမရှိ စစ်ဆေးဖို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး စည်းကမ်းတွေကို ကြပ်မတ်ဖို့နဲ့ ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ ညွှန်ကြားထားတယ်" လို့ ဝန်ကြီးက ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်းက စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေအနေနဲ့ မနက် ၆ နာရီမှ ည ၈ နာရီအချိန်ထိ ပါဆယ်စနစ်နဲ့သာ  ရောင်းချခွင့်ပြုမယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကလည်း ခုလို စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်အကြောင်းကြားခဲ့ဖူးပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024