ရန်ကုန်တက္ကသိုလ် သမဂ္ဂရင်ပြင်နီရှေ့ ကပ်ထားသည့်စာများကို ရဲတပ်ဖွဲ့ ဖြုတ်သိမ်း
DVB
·
September 13, 2020
ရန်ကုန်တက္ကသိုလ် ရင်ပြင်နီရှေ့မှာ ကပ်ထားတဲ့ ‘ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ’၊ ‘ရခိုင်လူထုနှင့်အတူ ရပ်တည်ကြ’၊ ‘ဖမ်းဆီးခံကျောင်းသားများ ချက်ချင်းလွှတ်’ ဆိုတဲ့ စာတန်းတွေကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၂ ရက်နေ့က ညတွင်းချင်း လာရောက် ဖြုတ်သိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ်တာဝန်ရှိသူတဦးက “တက္ကသိုလ်အာဏာပိုင်က ဒီအတိုင်းဆက်ထားဖို့ နယ်မြေဝန်ထမ်းတွေကို ပြောထားတာကို ရဲတွေက အသိမပေးဘဲ ဝင်မေးဝင်သိမ်းသွားတာပါ” လို့ ပြောပါတယ်။
စာတန်းချိတ်ဆွဲသူတွေကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ ရဲတပ်ဖွဲ့က အသိပေးသွားတယ်လို့ ဆိုပါတယ်။
အခုလက်ရှိမှာတော့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေရဲ့ နေရပ်လိပ်စာတွေကို လိုက်လံ စုံစမ်းနေပါတယ်။
ဗကသကျောင်းသားတွေရဲ့ နေအိမ်တွေကို ဝင်မေး၊ ဝင်စစ်တာတွေကိုလည်း တပြိုင်နက် လုပ်နေတယ်လို့လည်း သိရပါတယ်။
နွေလှိုင်း(YU)