Home
သတင်းဓာတ်ပုံ
ရခိုင်ကျောင်းသား ၃ ဦးကို ပြန်လွှတ်ပေးရန် စစ်တွေရဲစခန်းရှေ့၌ ဆန္ဒပြတောင်းဆို
DVB
·
September 10, 2020
IMG_20200910_133303
IMG_20200910_133122
IMG_20200910_133111
IMG_20200910_132937
IMG_20200910_122437
IMG_20200910_122108
IMG_20200910_121831
IMG_20200910_121821
IMG_20200910_121602
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား အလိုမရှိကြောင်း ဆန္ဒပြခဲ့လို့  ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၃ ဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေက စက်တင်ဘာ ၁၀ ရက် နေ့လယ်က စစ်တွေမြို့မရဲစခန်းရှေ့မှာ တောင်းဆို ဆန္ဒပြပါတယ်။ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်၊ ကျော်နိုင်ဌေးနဲ့ ဦးသန်းနိုင်တို့တို့ ၃ ဦးဟာ စက်တင်ဘာ ၉ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့မှာ ''4G အင်တာနက်ပြန်ဖွင့်ပေးရေး'' ''No Bloody Government '' ''No Murder Army'' ''ပြည်နယ်အစိုးရအား အယုံအကြည်မရှိ'' ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ'' ဆိုတဲ့ ပိုစတာတွေနဲ့ တောင်းဆိုခဲ့ကြပြီးနောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ 4G အင်တာနက်ပြန်ဖွင့်ပေးရေးနဲ့ ဖက်ဆစ် လူသတ်ဝါဒဆန့်ကျင်ရေး အတွက် မန္တလေးမြို့မှာလည်း ဒီကနေ့မနက် ဗကသ ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ Photo - Morn Hteet / MPA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013