Home
သတင်းဓာတ်ပုံ
တပ်မတော်ကို အရေးယူရန် ရခိုင်စစ်ဘေးရှောင်များ ဆန္ဒပြတောင်းဆို (ဓာတ်ပုံ)
DVB
·
January 20, 2021
IMG_0702
IMG_0695
IMG_0681
IMG_0657
IMG_0653
IMG_0615
IMG_0609
IMG_0599
IMG_0595
IMG_0585
တပ်မတော်တာဝန်ရှိသူတွေကို နိုင်ငံတကာက အရေးယူပေးဖို့နဲ့ စစ်ခန်းတွေရုပ်သိမ်းပေးဖို့  ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ ရခိုင်စစ်ဘေးရှောင် ပြည်သူတွေက  ဆန္ဒပြတောင်းဆိုကြပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်ကပြုလုပ်ခဲ့ ဒီဆန္ဒပြပွဲမှာ ''တပ်မတော်တိုးချဲ့ စစ်အင်အားနှင့် စစ် စခန်းများအား ချက်ချင်း ရုပ်သိမ်းပေး။'' ''အကြမ်းဖက်ကျူးလွန်နေသော အစိုးရတပ်မတော်မှ တာဝန်ရှိသူများအား ချက်ချင်းအရေးယူပေး။'' ''ရွာသားပိုင်ပစ္စည်းများကို ရွာသားများအား လွတ်လပ်စွာ သယ်ယူခွင့်ချက်ချင်းပေး။'' ''ရွာသားများအား ရွာသို့ လွတ်လပ်စွာ သွားလာခွင့် ချက်ချင်းပေး။'' စတဲ့ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ရွာမှ မတရားယူဆောင်သွားတဲ့ ဆန်စပါး ၊ နွား၊ ဝက်၊ ဆိတ်၊ သစ်၊ ဆိုင်ကယ်၊ ထရော်လာဂျီ၊ ထွန်စက်၊ ရေစုပ်စက်၊ စက်ဘီးအပါအဝင် တခြားပစ္စည်းတွေ ပြန်ပေးဖို့၊ ရွာအနီးနားမှာမြှုပ်ထားတဲ့ မြေမြုပ်မိုင်းတွေဖယ်ရှားပေးဖို့လည်း စစ်ဘေးရှောင် ရခိုင်ရွာသားတွေက  တောင်းဆိုခဲ့ ကြပါတယ်။ Photo - Kaung Mrat Naing / MPA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013