မြင်းခြံမှ မန္တလေးသို့ လာသူများ Quarantine ဝင်ရမည်
DVB
·
September 9, 2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများလာနေတဲ့ မြင်းခြံမြို့နယ်ကနေ မန္တလေးကို လာသူတွေအနေနဲ့ Quarantine ဝင်ရမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ စက်တင်ဘာ ၈ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၃၆ ဦးတွေ့ရှိခဲ့ပြီး မြင်းခြံဆေးရုံမှာ ၃၂ ဦး တင်ပို့ထားပါတယ်။
ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ အဖြစ်များတဲ့ဒေသကနေ လာရင် Quarantine ဝင်ကို ဝင်ရမှာဖြစ်ကာ swab နှစ်ခါယူ စစ်ဆေးပြီး သီတင်းနှစ်ပတ်နေရမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
မြင်းခြံမြို့မှာ စက်တင်ဘာ ၅ ရက်နေ့ကနေ စပြီး လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ ကြေးအိုးဆိုင်တွေ အပါအဝင် ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့၊ ခရီးသွားတဲ့အခါမှာ ကျန်းမာရေးထောက်ခံချက်နဲ့ သွားဖို့ သတ်မှတ်လိုက်တဲ့အပြင် စက်တင်ဘာလ ၆ ရက်မှာ ခရီးသည်တင်ယာဉ်လိုင်းတွေကို ပိတ်လိုက်ပြီဖြစ်ပါတယ်။
ဒါ့အပြင် ရပ်ကွက်တစ်ခုကို Lockdown လုပ်ထားပြီး ရပ်ကွက် ၇ ရပ်ကွက်နဲ့ ကျေးရွာ ၂ ရွာကိုလည်း တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေကာ အခြေအနေဆိုးရွားလာပါက် Lockdown လုပ်မယ်လို့ သိရပါတယ်။
သတင်း - နိုင်လင်းဦး