Home
မြန်မာသတင်း
ဘူးသီးတောင်အကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ခြင်းမရှိဟု အကျဉ်းဦးစီးဌာနထုတ်ပြန်
DVB
·
September 8, 2020
92496575_3209958299015426_721309542268272640_n
ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်က လွတ်သွားသူ ၂ ယောက်ဆီမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရတယ်ဆိုတာ လွတ်မြောက်ပြီး ၂၄ ရက်အကြာမှာမှ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီ ၂ ယောက်ဟာ သြဂုတ် ၁၄ ရက်မှာ ပြစ်ဒဏ်က လွတ်မြောက်ခဲ့ကြပြီး ရောဂါလက္ခဏာတွေလည်း မရှိခဲ့သလို ဘူးသီးတောင် အကျဉ်းထောင်မှာလည်း ရောဂါဖြစ်တာ မရှိဘူးလို့ ဆိုပါတယ်။ သူတို့မှာ ကိုဗစ်-၁၉ တွေ့တာကို စက်တင်ဘာ ၆ ရက်နေ့ ထုတ်ပြန်တာမှာ သိရပြီး ထောင်ကနေ လွတ်ပြီး ၂၄ ရက်အကြာမှာဖြစ်လို့ အပြင်မှာ သွားလာနေထိုင်တုန်း ကူးစက်တာလို့ ဆိုပါတယ်။ အဲဒီ ၂ ယောက်ဟာ ထောင်ကနေ လွတ်မြောက်ပြီးနောက် ဘူးသီးတောင်ကနေ အငူမော် ဆိပ်ကမ်းကို ကားနဲ့၊ အဲဒီကနေ စစ်တွေမြို့ ရေချမ်းပြင်ကို စက်လှေနဲ့၊ ရေချမ်းပြင်ကနေ စစ်တွေမြို့ကို ကားနဲ့ သွားပြီး တည်းခိုခန်းတခုမှာ တည်းခိုခဲ့ပါတယ်။ ပြီးတော့ စစ်တွေကနေ တောင်ကုတ်မြို့ကို အမြန်ရေယာဉ်နဲ့သွားခဲ့ပြီး တောင်ကုတ်မြို့နယ် မှိုဟင်းတောရွာမှာ တည်းခိုနေထိုင်ပါတယ်။ ရွာကနေ တောင်ကုတ်မြို့ကို ဆိုင်ကယ်နဲ့သွားပြီး ဈေးနဲ့ ဘီယာဆိုင်ကို သွားခဲ့ကြသလို အဲဒီကနေ လမူးရွာကို လိုင်းကားနဲ့ သွားခဲ့ကြတယ်လို့လည်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဘူးသီးတောင်အကျဉ်းထောင်မှာ   ဝန်ထမ်းတွေ တာဝန်ချိန်ဝင်ရာမှာ အပူချိန် တိုင်းတာ၊ Mask တပ်ဆင်တာ၊ ပိုးသတ်ဆေးဖျန်းတာတို့ လုပ်ပြီးမှ ဝင်ရောက်စေသလို အကျဉ်းသားတွေကိုလည်း ကျန်းမာရေးပညာပေးတာ၊ ချင်းပြုတ်ရည်တိုက်တာ၊ ဆားရေနွေး    အာလုတ် ကျင်းစေတာ၊ အိပ်ဆောင်တွေကို ပိုးသတ်ဆေးဖျန်းထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024