အေအေအဖွဲ့ ခေါ်သွားသည့် မြောက်ဦးမြို့က သံဃာ ၄ ပါး ပြန်လွတ်
ဝဏ္ဏခွာညို
·
September 6, 2020
အေအေအဖွဲ့က ခေါ်ဆောင်သွားတဲ့ မြောက်ဦးမြို့က သံဃာ ၄ ပါးဟာ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက ပြန်လွတ်မြောက်လာတယ်လို့ ကာယကံရှင်ဆရာတော်တွေက မိန့်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က အေအေအဖွဲ့ကနေ ဖမ်ဆီးသွားတဲ့ မြောက်ဦးမြို့ပေါ်က သံဃာ ၄ ပါးကို စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကတော့ မြို့ဦးခေါင်း ဆရာတော် ၁ ပါး၊ ပြင်စျေးကျောင်း ဆရာတော် ၁ ပါး၊ ရဟန်းတပါးနဲ့ ကိုရင် ၁ ပါးတို့ဖြစ်ပြီး သံဃာတော်တွေအားလုံး ပြန်လွတ်လာတယ်လို့ မြို့ဦးခေါင်းဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။
“မနေ့က လွှတ်ပေးလိုက်တာပါ။ ၁၁ နာရီလောက်မှာ ကျောင်းကိုရောက်ပါတယ်။ သံသယတခုခုနဲ့ ခေါ်ယူစစ်ဆေးတာလို့ ပြောလို့ရတယ်။ ဘာမှမဟုတ်တော့ ပြန်လွှတ်ပေးတာပါ။”
ဖမ်းဆီးထားစဉ်မှာ တစုံတရာ နှိပ်စက်ညှဉ်းပန်းတာမျိုး မရှိဘူးလို့ မြို့ဦးခေါင်းဆရာတော်က မိန့်ပါတယ်။