ကချင်တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့်စက် စက်တင်ဘာ ၇ ရက်နေ့ စတင်အသုံးပြုမည်
DVB
·
September 5, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးမယ့် စက်ကို စက်တင်ဘာ ၇ ရက်နေ့ စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။
ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနာတွေ ပို့တဲ့အခါ အဖြေရဖို့ အချိန်ကြန့်ကြာတာကြောင့် စက်တပ်ဆင်လိုက်တာလို့ ကချင်ပြည်နယ် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အဏုဇီဝအထူးကုဆရာဝန် ဒေါက်တာသွယ်သွယ်အောင်က ပြောပါတယ်။
မြစ်ကြီးနားဆေးရုံကြီးကို ရောက်လာမယ့် သံသယလူနာတွေကို အဓိကထားပြီး စစ်ဆေးပေးသွားမယ်လို့ ဆိုပါတယ်။
မြစ်ကြီးနား အထွေထွေရောဂါကုဆေးရုံကြီးက ကိုရိုနာဗိုင်းရပ်ပိုးစစ်ဆေးမယ့် စက်ဟာ တစ်ရက်ကို လူဦးရေ ၁၀ ယောက်စစ်ဆေးပေးနိုင်မှာဖြစ်ပြီး အရေးကြီးရင်ကြီးသလို လိုအပ်သလို စစ်ဆေးပေးသွားမှာပါ။
အဲ့ဒီစက်ကို နေပြည်တော် (TB Campain) မှ ချထားပေးပြီး လိုအပ်တဲ့ စက်ပစ္စည်းသုံးမျိုးအတွက် သိန်း ၂၅၀ လောက်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့ပြီး ဗန်းမော်ဆေးရုံမှာလည်း စက်တပ်ဆင်သွားဖို့ရှိတယ်လို့ သိရပါတယ်။
မီးမီး