မြင်းခြံခရိုင်တွင် ပါတီ ၇ ခုက ကိုယ်စားလှယ်လောင်း ၆၄ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
September 4, 2020
မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်လောင်း ၆၄ ဦးရဲ့ အမည်စာရင်းကို မြင်းခြံခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေကတော့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လူ့ဘောင်သစ်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ပါတယ်။
မြင်းခြံခရိုင်မှာ ၁၈ နှစ်ပြည့်ပြီး မဲဆန္ဒပေးနိုင်သူ ကျား ၃၁၂၁၈၀၊ မ ၃၇၂၂၁၉ စုစုပေါင်း ၆၈၄၃၉၉ ရှိနေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပထမအကြိမ်ထုတ်ပြန်ချက်အရ သိရပါတယ်။
မြင်းခြံခရိုင်အတွင်း နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်၊ မြင်းခြံ ၄ မြို့နယ်တွေမှာ မြင်းခြံမှာ မဲရုံ ၂၇၆ ရုံ၊ တောင်သာမှာ ၃၂၂ ရုံ၊ နွားထိုးကြီးမှာ ၂၂၀ ရုံ၊ ငါန်းဇွန်မှာ ၁၄၂ ရုံ စုစုပေါင်း ၉၆၀ လျာထားထားတယ်လို့ ခရိုင်ကော်မရှင် အတွင်းရေးမှူး ဦးအောင်ဇော်က ပြောပါတယ်။
သတင်း - ဇာဇာမောင်(CJ)