မြင်းခြံမြို့က ကိုဗစ်-၁၉ လူနာအမှတ် ၇၈၈ နှင့် ထိတွေ့သူ ၃ ဦးတွင် ရောဂါပိုးတွေ့
DVB
·
September 3, 2020
မြင်းခြံမြို့က ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၇၈၈ နဲ့ ထိတွေ့သူ ၃ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ မြင်းခြံ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
၃ ဦးထဲက ၂ ဦးဟာ မန္တလေးမြို့မှာ ဟိုတယ် Quarantine ဝင်နေလို့ စက်တင်ဘာ ၂ ရက် ညပိုင်းက အဆိုပါဟိုတယ်ကနေ ကန်တော်နဒီဆေးရုံကို ပြောင်းရွှေ့ထားပါတယ်။
မနေ့ညက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၅၇ ဦးတွေ့ရှိရာမှာ မန္တလေးတိုင်း မြင်းခြံမြို့နယ်က လူနာ ၁ ဦးပါဝင်လာတာ ဖြစ်ပါတယ်။
Photo - Kaung Zaw Hein / MPA