Home
မြန်မာသတင်း
ဘရာဇီး ဝင်ငွေနည်းပြည်သူများအား ထောက်ပံ့သည့်အစီအစဉ် သက်တမ်းတိုး
DVB
·
September 2, 2020
Brazil's Bolsonaro, with popularity rising, extends COVID-19 welfare
ဘရာဇီးသမ္မတ ဂျရဲဘော်ဆိုနာရိုက ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်တဲ့ ဝင်ငွေနည်း ပြည်သူတွေကို ထောက်ပံ့ငွေပေးတဲ့ အစီအစဉ်ကို ဒီနှစ်ကုန်အထိ သက်တမ်းထပ်တိုးလိုက်ပါတယ်။ အစီအစဉ် သက်တမ်းတိုးတာကို သမ္မတ ဘော်ဆိုနာရိုက စက်တင်ဘာ ၁ ရက်မှာ  ကြေညာခဲ့ပြီး အဲဒီအစီအစဉ်ကြောင့် သူ့အပေါ် လူကြိုက်များမှု မြင့်တက်ခဲ့ပါတယ်။   ဆင်းရဲသားတွေနဲ့ ကျပန်းလုပ်သားတွေကို ပေးအပ်မယ့် ထောက်ပံ့ကြေးလစာကို  ထက်ဝက် ဝက်ပြီး တလကို ရီယယ်ငွေ ၃၀၀ (အမေရိကန် ၅၅ ဒေါ်လာခွဲ) ပေးအပ်သွားမယ်လို့ ဘော်ဆိုနာရိုက သတင်းထောက်တွေကို ပြောပါတယ်။ ဒီလို ထောက်ပံ့ကြေးပေးတဲ့အစီအစဉ်ဟာ တစ်ခါက လက်ဝဲယိမ်း အမာခံနယ်မြေ ဖြစ်တဲ့  နိုင်ငံရဲ့အရှေ့မြောက်ပိုင်း ဆင်းရဲသားဒေသမှာတောင် လက်ယာယိမ်း သမ္မတအပေါ် လူကြိုက်များမှု မြင့်တက်စေတယ်လို့ မကြာသေး ပြုလုပ်တဲ့ လူထုစစ်တမ်းတွေက ဖော်ပြပါတယ်။   ဒီအစီအစဉ်ဟာ ဘရာဇီးကို စံချိန်တင် စီးပွားရေးကျရာကနေ စီးပွားရေးကပ်မဆိုက်အောင် တားဆီးလိုက်တယ်ဆိုပြီး အများစုက ချီးကျူးကြပါတယ်။  ကြေညာလိုက်တဲ့ စက်တင်ဘာ ၁ ရက်မှာပဲ ဘရာဇီး စတော့ဈေးကွက် ဘိုဗေစပါ့ခ် အညွှန်းကိန်းနဲ့ ဘရာဇီး ရီယယ်ငွေ တန်ဖိုးနှစ်ခုစလုံး ၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။  ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ ဒုတိယအများဆုံးဖြစ်ပြီး သေဆုံးသူ ၁၂၀,၀၀၀ ကျော်နေပေမယ့်လည်း ဘော်ဆိုနာရိုရဲ့ လူကြိုက်များမှုက သမ္မတ တာဝန်ယူပြီးနောက်ပိုင်း အမြင့်ဆုံးကို ရောက်နေတယ်လို့ ရိုက်တာက သုံးသပ်တင်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024