Home
မြန်မာသတင်း
အသစ်ထွက်ရှိလာသည့် လူငယ်အဆိုတော် အုပ်စိုးခန့်သီချင်း-“မင်းအချစ်တစ်ခုတည်း”(ရုပ်သံ)
DVB
·
September 1, 2020
Untitled-1
       “Come On Baby Girl… Baby Girl… Come On Baby Girl… Baby Girl… အသဲကထွက်ကျတဲ့စကားလုံးတွေ… သီချင်းတပုဒ်ဖြစ်မင်းလေးနားထောင်… အချက်ပြ မီးမရှိတဲ့ ကားတစီးလို… မင်းမရှိရင် ငါဟာ လမ်းမှား… ဆေးတော့လိုပြီ ကယ်အုံး… ဆ ရာဝန်တွေတောင် ကုလို့မရတဲ့… အဖြစ်မျိုးကြုံပြီ… သေချာနေတာ မင်းမရှိလို့ပဲ”        ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ တေးသံရှင် အုပ်စိုးခန့်ရဲ့ သီချင်း သစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါ တယ်။        “မင်းအချစ်တစ်ခုတည်း”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ကောင်းဇော်က ရေးစပ်ပေးထားခဲ့တာဖြစ်ပါတယ်။        “Come On Baby Girl… Baby Girl… Omm… မင်းက မျောက်ဆိုရင်… ငါ ငှက် ပျောသီးလုပ်မယ်… Come On Baby Girl… Baby Girl… မင်းက ငှက်ဆိုရင်… တကိုင်း တည်းနားမယ့်… စိတ်ကူး ကြိတ်ရူး… ကမ္ဘာမှာလိုတာ မင်းအချစ်တစ်ခုပဲ… ဒါဒါဒါဒါဒါ”        နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ လူငယ်အဆိုတော် အုပ်စိုးခန့်ဟာ လူမှုကွန်ရက်စာ မျက်နှာတွေပေါ်မှာ မိန်းကလေး ပရိသတ်တွေ အများစုက ချစ်ခင်အားပေးမှုတွေ ရရှိထား သူတဦးဖြစ်ပြီး “ချစ်နေပြီ” သီချင်းတပုဒ်တည်းနဲ့တင် လူသိများလာခဲ့ပြီး “The Number One” အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့သူ ဖြစ်ပါတယ်။        နောက်ပိုင်းမှာလည်း ဆင်ဂယ်လ်သီချင်းတွေ၊ ပြန်ဆိုသီချင်းတွေနဲ့အတူ အနုပညာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး သိပ်မကြာခင်ကတော့ ဆယ်ကျော်သက်အဆိုတော် မေလသံစဉ်ရဲ့ “ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ်” တေးအယ်လ်ဘမ်ထဲမှာ စုံတွဲသီဆိုထားကြတဲ့ “ရုန်းတော်လွှတ်တော်”သီချင်းကလည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ V7 Entertainment က မြူးဇစ်ဗီဒီယိုအနေနဲ့ တင်ဆက်ပေးလိုက်တဲ့ ခုသီချင်းရုပ် သံထဲမှာတော့ အုပ်စိုးခန့်နဲ့ မော်ဒယ် ခင်ရတီသင်းတို့က ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ချစ်သူတို့ သဘာဝ ဇာတ်လမ်းသရုပ်ဖော်ပုံစံ ရိုက်ချက်တွေနဲ့အတူ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013