မြို့ ၄ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
DVB
·
August 30, 2020
ဒီနေ့မနက် ၁၁ နာရီခွဲ တိုင်းထွာချက်အရ မြို့ ၄ မြို့ရဲ့ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ လက်မလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ၃ လက်မလောက် ဆက်လက်တက်လာနိုင်ပါတယ်။
ဒါကြောင့် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဆိပ်သာမြို့နဲ့ ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူး သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။