သာကေတက လူနာသစ်အမှတ် ၇၀၁ ၏ မိသားစုဝင် ၄ ဦးကို Quarantine စင်တာပို့
ညီငယ်
·
August 30, 2020
မနေ့ည ၈ နာရီထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၇၇ ယောက်ထဲက ရန်ကုန်တိုင်း သာကေတနဲ့ ဒလမြို့နယ်တို့က ၁ ဦးစီ ပါဝင်ခဲ့ပါတယ်။
သာကေတမြို့နယ် ၂ မြောက် တိုချဲ့ ၁ လမ်းနေ ပိုးတွေ့လူနာအမှတ် ၇၀၁ ဟာ ပြည်ပနဲ့ ရခိုင်ပြည်နယ်တို့ကို ခရီးသွားရာဇဝင်မရှိသလို ကိုဗစ်-၁၉ လူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် လူနာအမှတ် ၇၀၁ ရဲ့ မိသားစုဝင် ၄ ယောက်အား Quarantine စင်တာကို ညတွင်းချင်းပို့လိုက်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်ကပြောပါတယ်။
မိသားစုဝင် ၄ ယောက်ကို မနေ့ညက ရွှေပြည်သာကွန်ပျူတာတက္ကသိုလ် Quarantine စင်တာကို အောင်ဇေယျလူမှုကူညီရေးအဖွဲ့က ပို့ဆောင်ပေးခဲ့တာပါ။