Homeမြန်မာသတင်း
တောင်ဒဂုံက ကိုဗစ်-၁၉ လူနာ စစ်တွေမှ ပြန်လာပြီးနောက် အနံ့မရသဖြင့် စစ်ဆေးစဉ် ပိုးတွေ့ခြင်းဖြစ်
တောင်ဒဂုံက ကိုဗစ်-၁၉ လူနာ စစ်တွေမှ ပြန်လာပြီးနောက် အနံ့မရသဖြင့် စစ်ဆေးစဉ် ပိုးတွေ့ခြင်းဖြစ်
ညီငယ်
·
August 27, 2020
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီမနက်ထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၆ ယောက်ထဲမှာ ရခိုင်ပြည်နယ်က ပြန်လာတဲ့ ရန်ကုန် ဒဂုံမြို့သစ် (တောင်ပိုင်း)က အမျိုးသမီး တစ်ယောက်လည်း ပါဝင်လာပါတယ်။
သူဟာ အနံ့မရလို့ တောင်ဒဂုံဖျားနာကု(အခမဲ့)ဆေးခန်းကိုမနေ့က လာပြခဲ့ကြောင်း သံသယ လက္ခဏာရှိနေတဲ့ ဒီလူနာကို သင်္ဃန်းကျွန်း စံပြဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရာက ဓာတ်ခွဲနမူရာယူစစ်ဆေးရာက ရောဂါပိုးတွေ့ခဲ့တာလို့ တောင်ဒဂုံ ဖျားနာကု(အခမဲ့)ဆေးခန်းတာဝန်ခံ ဒေါက်တာဇော်လင်းဗိုလ်က ဒီဗွီဘီကိုပြောပါတယ်။
လူနာအမှတ် ၅၈၄ အသက် ၃၇ နှစ်အရွယ် လူနာအမျိုးသမီးဟာ စစ်တွေကနေ ဩဂုတ် ၁၂ ရက်နေ့ကတည်းက ပြန်လာခဲ့ပြီး နေအိမ်မှာ သီးသန့်နေထိုင်ခဲ့ပြီးနောက် သူ့ကိုယ်သူ မသင်္ကာလို့ ဆေးခန်းကို ဆက်သွယ်လာရောက်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ သူနေထိုင်ရာ နေရာနဲ့ လမ်းအပါအဝင် သူနဲ့ထိတွေ့ခဲ့သူတွေကို မြို့နယ် ကိုဗစ်ကော်မတီက စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။