Home
မြန်မာသတင်း
တိုက်ကြီးစစ်ဆေးရေးဂိတ်၌ စစ်တွေနှင့် ပဲခူးကလာသည့်ခရီးသွားများကို ပိုမိုတင်းကြပ်စစ်ဆေး
DVB
·
August 26, 2020
118175873_1170430893356618_5639514842451773579_n
118330968_1170430920023282_7137132720121758022_n
118141605_1170431023356605_3128282342567793644_n
118099168_1170430993356608_3161071386668609749_n
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၊ မီးနင်းချောင်းမှာ ဩဂုတ်လ ၂၁ ရက်နေ့ကစတင်ပြီး စစ်တွေမြို့ကလာတဲ့ ကားတွေနဲ့ ပဲခူးတိုင်းအတွင်းကလာတဲ့ ကားတွေကို ကျန်းမာရေး စစ်ဆေးပြီး ဝင်ခွင့်ပြုခဲ့ရာ ပိုးတွေလူနာများလာတဲ့အတွက် ကျန်းမာရေးစစ်ဆေးတာတွေကို ပိုမိုလုပ်ဆောင်နေတယ်လို့  ဥက္ကံမြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “စစ်တွေကလာတဲ့ကားတွေကို စပြီးစစ်ဆေးတာတွေ အပူချိန်တိုင်းတာတွေပြု လုပ်ပြီး ရန်ကုန် Quarantine Center တွေကို ပို့ဆောင်ပေးခဲ့တယ်။ နောက်နေ့တွေမှာ ပဲခူးတိုင်းအတွင်းကလာတဲ့ ခရီးသည် ကားတွေနဲ့ ကားလေးတွေကအစ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပြီးမှ ဝင်ခွင့်ပြုတယ်။ စစ်ဆေးနေတဲ့အချိန်မှာ ရခိုင်က ဝင်လာတဲ့ကားတွေရှိတယ်။ ခရီးသည်တော့ ပါမလာဘူး။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေပဲ ပါတဲ့အတွက် Quarantine Centerကို ပို့လိုက်တယ်။ အခုနောက်ပိုင်း ပိုးတွေ့လူနာတွေ များလာတဲ့အတွက်စစ်ဆေးတာတွေကို ပိုပြီး လုပ်နေပါတယ်။ ဒီနေ့လည်း ရခိုင်ကလာတဲ့ ကုန်တင်ကားတစ်စီးရောက်လာလို့ Quarantine Centerကိုပို့ဖို့စီစဉ်နေတယ်"လို့ ဥက္ကံမြို့ အုပ်ချုပ်ရေးမှူး ကိုအောင်ကျော်က ပြောပါတယ်။ စစ်တွေမြို့ကလာတဲ့ကားတွေကို တိုက်ကြီးမြို့နယ်၊ မီးနင်းချောင်း မှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး ရန်ကုန်မြို့ရှိ Quarantine Center တွေကို ပို့ဆောင်ပေးနေတာ ဒီနေ့အထိ လူဦးရေ ၂၀၃ ဦးအထိရှိပြီး ကျန်းမာရေးစစ်ဆေးတာတွေကို ရက်အကန့်အသတ်မရှိ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဒီကနေ့ မနက် ၈ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၅၇၄ ဦး၊  သေဆုံးသူ ၆ ဦး၊  နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၂ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန် ထားပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024