Home
မြန်မာသတင်း
စစ်တွေတွင် ကိုဗစ်-၁၉ ရောဂါပိုးပြန့်ပွားသည့် အဓိကနေရာ ဈေးကဖြစ်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော 
DVB
·
August 25, 2020
118158173_2638014943117666_3891386350815489886_o
စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးပြန့်ပွားတဲ့ အဓိကနေရာဟာ ဈေးကလို့သုံးသပ်တဲ့ အကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။    ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး မနေ့ညက နိုင်ငံပိုင်ရုပ်သံကနေ  ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောသွားတာဖြစ်ပြီး  စစ်တွေမြို့မှာ ရောဂါပြန့်ပွားနေတဲ့ကိစ္စကို စိုးရိမ်မှုနဲ့ မတုံ့ပြန်ဘဲ သန္နိဋ္ဌာန်ခိုင်မာမှုနဲ့တုံ့ပြန်ဖို့ တိုက်တွန်းသွားပါတယ်။ အများသိကြတဲ့ အတိုင်းပဲအခု စစ်တွေမှာဆိုရင် အရင်အပတ်ကစပြီး ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုဟာ အင်မတန်မှမြန်ခဲ့ပါတယ်။ အင်မတန်မှ မြန်တဲ့အခါမှာ စိုးရိမ်ပူပန်မှုတွေလည်း တက်လာပါတယ်။ ဒါကို စိန်ခေါ်မှုတစ်ခုအနေနဲ့ ကြည့်စေချင် ပါတယ်။ စိန်ခေါ်မှုဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ကျော်လွှားဖို့သာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုကို နိုင်ငံတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှု တစ်ခုအနေနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  စစ်တွေမှာ ရောဂါပြန့်ပွားနေတာကြောင့် ရခိုင်ပြည်နယ်ပြင်ပကို စစ်တွေကပြည်သူတွေ မထွက်အောင်လို့ စည်းကမ်းတွေ သတ်မှတ်တာဖြစ်ပြီး ထိန်းချုပ်ချင်တဲ့ သဘောမဟုတ်ဘူးလို့လည်း ပြောပါတယ်။ “စစ်တွေဘက်က၊ ရခိုင်ပြည်နယ်ဘက်ကနေပြီးတော့ တခြားဘက်တွေကို မထွက်ဖို့ဆိုတာဟာ ရောဂါပိုး မပြန့်စေချင်လို့ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း ဒီပိတ်ဆို့မှုထဲမှာ ထိထိရောက်ရောက် ပါဝင်ကြရမှာ ဖြစ်ပါတယ်။ ပိတ်ပင်ရေးဆိုတာ ကာကွယ်ရေးပါပဲ။ ကာကွယ်ရေးလို့ပဲ စဉ်းစားစေချင်ပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြည်သူပြည်သားတွေ ဈေးသွားတဲ့ သတိထားကြဖို့၊ မျက်နှာဖုံးတပ်ကြဖို့၊ ဈေးသည်တွေလည်း လက်အိတ်ဝတ် Mask တပ်ကြဖို့နဲ့  လူစုလူဝေး မဖြစ်အောင်နေဖို့၊   ဒါကိုဗစ် ဒုတိယလှိုင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ ကိုဗစ်ဒုတိယလှိုင်းမဖြစ်အောင် အားလုံး ပူးပေါင်း ဟန့်တား ကာကွယ်ကြဖို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောပါတယ်။  မြန်မာနိုင်ငံမှ ဩဂုတ် ၂၅ ရက် မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၄၇၄ ဦးရှိပြီး ရခိုင်ပြည်နယ်မှာတော့  ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းလူနာသစ် ၈၀ ကျော်တွေ့ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024