Home
မြန်မာသတင်း
ဖားဆောင်းမြို့နယ်တွင် လူဦးရေ ၆၅၀ ကျော်ရေဘေးသင့်နေ 
နော်နိုရင်း
·
August 24, 2020
118227498_10220770174657593_6564417137740395172_n
118362716_10220770177217657_2796336379229485258_n
117912603_10220770175137605_2487270614300093622_n
117893504_10220770175777621_3186576046575944033_n
117845410_10220770176617642_198964113232977215_o
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ  သံလွင်မြစ်ရေ မြင့်တက်နေလို့ အိမ်ထောင်စု ၁၆၁ စု၊ လူဦးရေ ၆၅၄ ဦးကို  ရေလွတ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရွေ့ပြောင်းထားရပါတယ်။  သံလွင်မြစ်ရေဟာ ဖားဆောင်းမြို့မှာ မနေ့ညကတည်းက   ရေအမှတ် ၂၅၀၂ စင်တီမီတာအထိ ရောက်ရှိနေပြီး မြို့ရဲ့ စိုးရိမ်ရေမှတ် ၂၂၇၀ စင်တီမီတာရဲ့ အထက် ၂၃၂  စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေတာပါ။  လူနေ ရပ်ကွက် ၃ ခုလောက် ရေမြုပ်နေပြီး ကားလမ်းနဲ့ လူနေအိမ်တချို့လည်း ပျက်စီးသွားပါတယ်။ လက်ရှိအချိန် သံလွင်တံတား (ဖားဆောင်း) ပေါ်သို့  ၁၃  တန်အထက် ကားတွေ ဖြတ်သန်းသွားလာခွင့် မပြုပါဘူး။ ရေဘေးသင့်တဲ့နေရာတွေကို  ကယားပြည်နယ်၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က လာရောက်ကြည့်ရှုခဲ့ပြီး မြစ်ကမ်းဘေးနေ ရေဘေးသင့်သူအတွက် ထောက်ပံ့ငွေနဲ့ စားသောက်ဖွယ်ရာတချို့ လှူဒါန်းခဲ့ပါတယ်။ တခြားလူမှုအဖွဲ့အစည်းတွေကလည်း  ရေဘေးသင့်ပြည်သူအတွက် စားသောက်ဖွယ်ရာတွေ လှူဒါန်းတာတွေရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024