စစ်တွေမြို့ အုန်းတောကြီး စစ်ဘေးရှောင်စခန် းမီးလောင်၊ ကလေးငယ် ၁ ဦး သေဆုံး
DVB
·
August 21, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အုန်းတောကြီး မြောက်ကျေးရွာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ သြဂုတ် ၂၀ ရက်နေ့ ည ၆ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၄၅ ရက်သား မိန်းကလေးငယ် ၁ ဦး မီးလောင်သေဆုံးသွားတယ်လို့ ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
စခန်းအတွင်းရှိ လိုင်းခန်း နေအိမ်အဆောင်တခုရဲ့ မီးဖို မီးကြွင်းမီးကျန်ကတဆင့် အနီးရှိ ဝါးထရံကို မီးကူးစက်လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ဝါးထရံကာ၊ ဝါးခင်း လူနေအိမ်အဆောင် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ လူပေါင်း ၂၂၉ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကို စစ်တွေခရိုင် မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာနေသူတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ရာ ၆ နာရီ ၃ဝ မိနစ်လောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
သတင်း - လင်းလက်