Home
မြန်မာသတင်း
ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုတွင် တရားစွဲခံရသူ ၃ ဦးကို အာမခံပြန်ရုပ်သိမ်း
DVB
·
August 18, 2020
cri-2
ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်နေရတဲ့ သားကြီး (ခ) သန်းထွဋ်အောင်၊ အောင်လေးနဲ့ ကျော်ဇော်ဟန်တို့ကို အာမခံရုပ်သိမ်းပြီး အရင်မူလ ပုဒ်မအတိုင်း ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံးက သိရပါတယ်။ ဒီအမှုကို တိုင်းတရားလွှတ်တော်ကနေ အာမခံ ရရှိနိုင်တဲ့ ပုဒ်မ ၃၂၅ အပြင်းအထန် ထိခိုက် နာကျင်စေမှုနဲ့ ပြန်လည် ပြောင်းလဲစွဲဆိုခဲ့ပြီးနောက် သားကြီး (ခ) သန်းထွဋ်အောင်၊ အောင်လေးနဲ့ ကျော်ဇော်ဟန်တို့ သုံးဦးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ တစ်ဦးကို သိန်း ၂၀၀ နဲ့ အာမခံပေးခဲ့တာပါ။ နိုင်ငံတော်အစိုးရကနေ ဒီအမှုကို ပြည်ထောင်စုတရားလွှတ်တော်ကို ပြင်ဆင်ချက်ပြန်ပို့ခဲ့တဲ့ အတွက် ဒီအမှုကို အရင်မူလစွဲဆိုထားတဲ့ ပုဒ်မ ၃၀၂ လူသေစေမှုအဖြစ် ပြန်လည်တရားစွဲဆို ခဲ့တာပါတယ်။ ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့မှာ သားကြီး (ခ) သန်းထွဋ်အောင်၊ အောင်လေးနဲ့ ကျော်ဇော်ဟန်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံပြန်လည်ရုပ်သိမ်းကာ အချုပ်နဲ့ တရားရင်ဆိုင်စေ ခဲ့တယ်လို့ အရှေ့ပိုင်းခရိုင်ရားရုံးက သိရပါတယ်။ လာမယ့်ရုံးချိန်းကိုတော့ ဩဂုတ်လ ၂၅ရက်နေ့ကို ချိန်းဆိုထားပါတယ်။ သတင်း - နူးရာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013