Home
မြန်မာသတင်း
အမ်းမြို့နယ်တွင်  အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရသူ ၄ ဦး လွတ်မြောက်
DVB
·
June 19, 2020
22222222
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)တို့နဲ့ တရားစွဲဆိုခံရသူတွေအထဲက  ၄ ဦးကို  ဇွန်လ ၁၈ ရက်မှာ ကျောက်ဖြူခရိုင်တရားရုံးက  စွဲချက်မတင်မီ ပြန်လွှတ်ပေးလိုက်ပါတယ်။  အကြမ်းဖက်ဆက်နွှယ် သံသယနဲ့ဖမ်းဆီးခံရသူ ၁၀ ဦး၊ တရားလိုနဲ့  တရားလိုပြသက်သေ ၁၁ ဦးကို ကျောက်ဖြူတရားရုံးက စစ်ဆေးခဲ့ပြီးနောက် စွဲထားတဲ့ ပြစ်မှုနဲ့ ငြိစွန်းမှုတစ်စုံတစ်ရာမတွေ့ရှိရတဲ့အတွက် ၄ ဦးကို တရားရှင်ပြန်လွှတ်ပေးလိုက်တာလို့  အခမဲ့လိုက်ပါအကျိုးဆောင်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးထိန်လင်းက ပြောပါတယ်။ “ ၁၀ ဦးအမှုထဲကပေါ့။ ကျနော်ရယ် နောက်ရှေ့နေ တစ်ယောက် ပေါင်းပြီး လိုက်ပါ ဆောင်ရွက်ပေးသူ ၅ ဦးရှိတယ်။ အဲဒါမနေ့က စွဲချက်တင်သင့် မတင်သင့်အမိန်ချတဲ့အခါမှာ ၄ ဦးကို စွဲချက်မတင်မီ မြန်လွှတ်ပေးလိုက်တာပေါ့။ အဓိကတော့ တရားလိုနဲ့ တရားလိုပြသက်သေ ၁၁ ဦး စစ်ဆေးပြီးတော့ အထောက်အထားတစ်စုံတစ်ရာ မပြနိုင်တဲ့အတွက် လူ ၄ ဦးကို ကျောက်ဖြူခရိုင်တရားရုံးက မနေ့ကနေပြီးတော့ တရားရှင် ပြန်လည်လွှတ်ပေးခဲ့တာပါ၊ ကျန်တဲ့ ၆ ဦးကို စွဲချက်တင်ဖို့ အမိန့်ချမှတ်ခဲ့တယ်”  ပြန်လွတ်လာသူတွေကတော့ အမ်းမြို့နယ် သလူမော်ကျေးရွာက ၂ ဦး၊ ရူးကျေးရွာက ၁ ဦးနဲ့ ပိန္နဲတောင်ကျေးရွာက ၁ ဦးတို့ ဖြစ်ကြပြီး ၈ လဝန်းကျင်ကြာပြီးနောက် အခုလိုတရားရှင်လွတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဥပဒေနဲ့ငြိစွန်းမှုမရှိရင် ဒီလိုစွဲချက်မတင်ပဲ လွှတ်ပေးလိုက်တာဟာ တရားရေးမဏ္ဍိုင် အရ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်တယ်လို့  ရှေ့နေ့ ဦးထိန်လင်းက ပြောပါတယ်။ ကျန်တဲ့ ၆ ဦးကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့ စွဲချက်တင် အမိန့်ချမှတ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်တို့မှ သံသယနဲ့ ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံနေရသူပေါင်း ၃၀ ဝန်းကျင်ရှိတယ်လို့ တရားစွဲခံရသူတွေကို ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။    နောင်နောင် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013