ဖောင်းပြင်မြို့အနီး မြေငလျင်လှုပ်
DVB
·
August 16, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့အနီးမှာ အင်အားရစ်(ခ်)တာစကေး ၃ ဒသ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၁၆ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၀ နာရီ ၃၆ မိနစ်၊ ၆ စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် ၃၄ မိုင်လောက် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဖောင်းပြင်မြို့ရဲ့ တောင်ဘက် ၁၄ မိုင်လောက် အကွာ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၀၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသ ၈၁ ဒီဂရီ၊ အနက် ၈၉ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။