မိုးရွာသွန်းမှုကြောင့် ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး မြေကျွံ လမ်းကျိုးကျ
DVB
·
August 13, 2020
တနင်္သာရီတိုင်း၊ ကော့သောင်းမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် သြဂုတ် ၁၃ ရက်နေ့ မနက်ပိုင်းက ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး မြေကျွံလမ်းကျိုးကျခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ထွေအုပ်ရုံးက သိရပါတယ်။
မြေကျွံကျတဲ့နေရာက ကော့သောင်းမြို့နဲ့ ၇၆ မိုင်အကွာ ဘုတ်ပြင်းမြို့နယ် ဒိုင်းကျေးရွာ အောင်ဇင်ဘာ ဆီအုန်းကုမ္ပဏီအနီးမှာဖြစ်ပြီး ကော့သောင်း- ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းမကြီး ဘယ်ဘက်ခြမ်းရေတိုက်စားလို့ မြေကျွံကျကာ လမ်းကျိုးပျက်သွားတယ်လို့ ဟန်ကဒိုင်းကျေရွာအုပ်ချုပ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
လမ်းပျက်သွဦးလို့ လက်ရှိမှာ ကား ၁၀ စီးလောက် ပိတ်မိနေပြီး မြို့အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ လမ်းဦးစီးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ အမြန်ဖြတ်သန်းသွားလာနိုင်အောင် ဆောင်ရွက်နေပါတယ်။
သတင်း - လတ်ကိုကိုဦး