ရေးမြို့ ရှေ့ဟောင်းကျုံးတော်ကြီးတွင် အမျိုးသားတဦး ရေနစ်ပျောက်ဆုံး (ဓာတ်ပုံ)
DVB
·
August 9, 2020
မွန်ပြည်နယ်၊ ရေးမြို့ ရှေ့ဟောင်းကျုံးတော်ကြီးမှာ သြဂုတ် ၉ ရက်နေ့ မနက် ၁၁ နာရီ ခွဲလောက်က အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံးသွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေနေတယ်လို့ သိရပါတယ်။
ရန်ကြီးအောင် ရပ်နေ ဦးဝင်းကိုကို (အသက် ၄၁ နှစ်) ဟာ ရေဆင်းကူရာမှ ရေနစ်ပျောက်ဆုံးနေတာပါ။
ကျုံးတော်ကြီးဟာ ရေအနက် ပေ ၉ ပေလောက်ရှိပြီး ပြီးခဲ့တဲ့ ပွင့်လင်းရာသီက ပြန်လည်တူးဖော်ထားတယ်လို့ သိရပါတယ်။
နေမျိုးထွဋ်