Home
မြန်မာသတင်း
ဖျာပုံမြို့နယ်၌ လေပြင်းတိုက်ပြီး ပင်လယ်ဒီရေလှိုင်းကြီးလာသဖြင့် လူနေအိမ်များပြိုကျပျက်စီး
DVB
·
August 5, 2020
116798929_1004036316717762_8189093389058530042_n
116715814_1004036236717770_5067562331319280828_n
116710093_1004036410051086_7891269619362539417_n
116584166_1004036273384433_4823634402953377407_n
116439488_1004036196717774_8980665510583618260_n
116434905_1004036376717756_12588062807615667_n
116360125_1004036456717748_2500759761475437087_n
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာမှာ လေပြင်းတိုက်ခိုက်ပြီး ပင်လယ်ရေမြင့်တက်လာတာကြောင့် သြဂုတ် ၄ ရက် ညနေပိုင်းက စတင်ပြီး လူနေအိမ်တချို့ ပြိုကျပျက်စီးခဲ့ပါတယ်။ လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီ ရေမြင့်တက်ကာ ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း၊ လူ နေအိမ် ၄ လုံး၊ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း၊ လူနေအိမ် ၅ လုံး  စုစုပေါင်း လူနေအိမ် ၉ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန် ဆုံးရှုံးမရှိကြောင်းသိရပြီး အိမ်ထောင်စု ၉ စု၊ လူဦးရေကျား ၉ ဦး၊ မ ၁၈ ဦး၊ ပေါင်း ၂၇ ဦးတို့က ဆွေမျိုးတွေထံမှာ ပြောင်းရွှေ့နေထိုင်နေကြရ ပါတယ်။ သတင်း - ကျော်စိုးမိုး 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024