Homeမြန်မာသတင်း
တပ်မတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသူ ၉ ဦးကို ရဲစခန်းလွှဲပြောင်း
တပ်မတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသူ ၉ ဦးကို ရဲစခန်းလွှဲပြောင်း
DVB
·
August 2, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တွေမှာ အေအေနဲ့ဆက်စပ်မှု သံသယနဲ့ တပ်မတော်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ နဲ့အမှုဖွင့်လှစ်ထားသူ ၉ ဦးကို သြဂုတ် ၁ ရက်နေ့က ကျောက်ဖြူမြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးမှ ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က အကုန်လုံး ၉ ယောက် လာလွှဲတာပေါ့၊ သူတို့ကတော့ ဖွင့်ထားပြီးသားပါ။ ရေနံဒွိန်ကျေးရွာသား ၂ ဦးပေါ့၊ ကျန်တဲ့ ၇ ယောက်ကလည်း ဖွင့်ထားပြီး၊ အလယ်ချောင်းဘက်ကသူတွေ ပါတယ်။ အဲဒီ ၇ ယောက်ကတော့ ပုဒ်မ-၅၀/(ည)၊ ပုဒ်မ-၅၂(က) တို့နဲ့ ဖွင့်ထားတဲ့သူတွေပေါ့။”
တပ်မတော်က သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်ထားသူတွေအား ကျောက်ဖြူမြို့မရဲစခန်းကို လွှဲပြောင်းထားတာ ကြားသိရတဲ့အတွက် မိသားစုဝင်တွေ လာရောက်ခဲ့ပေမဲ့ တွေ့ဆုံခွင့်မရခဲ့ဘဲ အဝတ်အထည်တွေတော့ ပေးခွင့်ရခဲ့တယ်လို့ အလယ်ချောင်းကျေးရွာက ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောဆိုပါတယ်။
လက်ရှိ ကျောက်ဖြူမြို့မရဲစခန်းမှာ တပ်မတော်က သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ထားသူ စုစုပေါင်းလူ ၂၀ ကျော်အထိ ရှိလာနေပြီလို့ ကျောက်ဖြူမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
နောင်နောင်