Homeမြန်မာသတင်း
သာပေါင်းမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူများအနက် မှတ်ပုံတင်မရရှိသေးသူ ၂ သောင်းကျော်ရှိနေ
သာပေါင်းမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူများအနက် မှတ်ပုံတင်မရရှိသေးသူ ၂ သောင်းကျော်ရှိနေ
DVB
·
August 2, 2020
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် မှတ်ပုံတင် မရရှိသေးသူ ၂၄၀၀၀ ကျော် ရှိတယ်လို့ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။
သာပေါင်းမြို့နယ်မှာ လက်ရှိမဲစာရင်းအရ မဲပေးခွင့်ရှိသူ ၁ သန်းကျော်ရှိနေပြီး အဲဒီအထဲမှာ မှတ်ပုံတင်မရရှိသေးသူ ၂၄၀၀၀ ကျော်ရှိနေတာလို့ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက တာဝန်ရှိသူက ပြောပါတယ်။
“မရရှိသေးတဲ့ နေရာဒေသတွေကို တာဝန်ရှိတဲ့သူတွေက ကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမှာပါ” လို့ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောပါတယ်။
မှတ်ပုံတင်မရှိသူအများစုဟာ စားဝတ်နေရေးအတွက် တောတောင်ထဲမှာ အလုပ်လုပ်နေရသူတွေ၊ မြို့နဲ့ဝေးကွာတဲ့ ဒေသမှာနေထိုင်သူတွေနဲ့ မှတ်ပုံတင်လုပ်ဖို့ ဆန္ဒမရှိတဲ့သူတွေဖြစ်နိုင်ပြီး မဲပေးဖို့ ၁ လအလိုအထိ မှတ်ပုံတင်တွေ လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
သာပေါင်းမြို့နယ်မှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လက်ရှိမှာ မှတ်ပုံတင်ထားတဲ့ ပါတီ ၈ ခုရှိပြီး မဲရုံ ၂၀၃ ရုံထားရှိသွားမည်ဖြစ်ကာ မဲဆန္ဒရှင် ၁ သိန်းကျော်ရှိတယ်လို့ သာပေါင်းမြို့နယ်ရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။
အလားတူ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဆန္ဒမဲပေးခွင့် ရှိသူများအနက် မှတ်ပုံတင်မရရှိသေးသူ သုံးသောင်းခွဲကျော်ရှိနေတယ်လို့ မြို့နယ်ကော်မရှင်ရုံးက သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-မင်းတင်(ဧရာဝတီတိုင်းမ်)