Home
မြန်မာသတင်း
မြောက်ဦးမြို့နယ်တွင်တိုက်ပွဲဖြစ်၊ ကားများပိတ်မိနေ
ဝဏ္ဏခွာညို
·
July 30, 2020
110164007_1122799914742681_1099101332597458924_n
109172545_1122799814742691_6989485742317158629_n
116685411_1122799834742689_2822501738031364535_n
116353142_1122799861409353_3739262929749823994_n
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းတွေပိတ်မိနေလို့ ကားအသွားအလာတွေ ယာယီရပ်နားထားရတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။ ဒီမနက် ၅ နာရီဝန်းကျင်လောက်ကနေ မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာအနီး ရန်ကုန်-စစ်တွေ အမြန်လမ်းမကြီးပေါ်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် ကားတွေအသွားအလာတွေ ပိတ်ထားတယ်လို့ ဒေသခံကျေးရွာသားတစ်ဦးက ပြောပါတယ်။ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက“တိုက်ပွဲဖြစ်ခဲ့လို့ ခရီးသည်ကားတွေ၊ ကုန်တင်ကားတွေ အကုန် လုံးပိတ်မိနေတယ်။ စစ်ဆေးရေး ဂိတ်တွေက စစ်ဆေးတာတွေပြုလုပ်နေတယ်။ တိုက်ပွဲဖြစ်နေတာက မနက်ကတည်းဖြစ်ပွားနေတာ၊ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာက မြောက်ဦးမြို့နဲ့ နည်းနည်းဝေးတယ်” လို့ပြောပါတယ်။ တပ်မတော်ကတပ်စွဲထားတဲ့ သက်ကျစ်တော်တောင်ပေါ်က တိုက်ပွဲဖြစ်ပွဲနေတဲ့ အချိန်က စပြီးခုချိန်အထိ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို လှမ်းပစ်နေတာတွေရှိသလို အခုလိုပစ်ခတ်မှုတွေကြောင့် ကားသမားတွေ ရှေ့ဆက်မသွားရဲဘဲ ရပ်တန့်နေကြရတယ်လို့ ယာဉ်မောင်းကိုဆန်းမြင့်ဌေးကပြောပါတယ်။ “တိုက်ပွဲက ၄ နာရီကျော်လောက်ကဖြစ်ခဲ့တာပါ။ တပ်မတော်က တောင်ပေါ်က နေပြီးတော့လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ အခုအချိန်ထိပစ်နေတယ်။ အဲဒါတွေကြောင့် ကားတွေမသွားဝံ့ကြဘူး။ ကားတွေကလမ်းမှာပိတ်မိနေတယ်”လို့ ပြောပါတယ်။ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်ကလည်း အခုဆိုရင် ကားလမ်းတွေပိတ်ထားရသလို လက်ရှိအချိန် အရပ်သားတွေထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ တွေကို မသိရသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့နေရာတွေကို တပ်မတော်က ရဟတ်ယာဉ် နှစ်စီးနဲ့ ပစ်နေတာတွေရှိပြီး မွန်းလွဲ ၃ နာရီအချိန်မှာလည်း ပစ်ခတ်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  အဆိုပါ တိုက်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးဖွဲ့ကို ဖုန်းဆက် သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024