Home
မြန်မာသတင်း
အင်ဂျန်းယန်မြို့ တောင်ဘက် ၃ မိုင်ခန့်အကွာတွင် မြေငလျင်လှုပ်
DVB
·
July 27, 2020
111069312_1706961259458945_7842621379001221887_n
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့ရဲ့ တောင်ဘက် ၃ မိုင်ခန့်အကွာမှာ အင်အား ၃ဒသမ ၈ အဆင့်ရှိ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၀၉ မိနစ်၊ ၂၉ စက္ကန့်အချိန်က အင်ဂျန်းယန်မြို့ရဲ့ တောင်ဘက် ၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅ ဒသ ၇၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၇၄ ဒီဂရီ၊ အနက် ၁၉ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024