Home
မြန်မာသတင်း
လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များကို ချေးငွေထုတ်ချေးပေးမည်
DVB
·
July 24, 2020
tea s
မြန်မာနိုင်ငံတဝန်းရှိ အခြေတကျ ဆိုင်ဖွင့်ရောင်းချနေတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်ငယ်တွေကို တစ်နှစ်အတိုးနှုန်း ၂ ရာခိုင်နှုန်းနဲ့ ကျပ် ၁၀၀ ဘီလီယံ အသုံးပြုပြီး ချေးငွေထုတ် ချေးပေးသွားမယ်လို့ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီကနေ သိရပါတယ်။ ဒီ ချေးငွေကိုနိုင်ငံတော် ဘဏ္ဍာငွေရံပုံငွေရဲ့ အထွေထွေပိုလျှံ ရန်ပုံငွေကနေ ဘီလီယံ ၁၀၀ ရယူပြီးတော့ မြန်မာ့စီးပွားရေးဘဏ်ကနေတဆင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေကို တနှစ် အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ထုတ်ချေးမှာဖြစ်ပါတယ်။  ဒီလုပ်ငန်းတွေကနေတဆင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လက်ဖက်ရည်ဆိုင်နေတွေနဲ့ စားသောက်ဆိုင်တွေကို ချေးငွေထုတ်ချေးသွားမှာပါ။  ဒီလိုထုတ်ချေးရာမှာ တစ်နှစ်ကို အတိုးနှုန်း ၂ရာခိုင်နှုန်းနဲ့ချေးပေးမှာဖြစ်ပြီး ချေးငွေကာလ ကို တစ်နှစ် သတ်မှတ်ထားပါတယ်။ ဆိုင်းငံ့ကာလ အနေနဲ့ ၃ လ သတ်မှတ်ပြီး ကျန် ၉ လ မှာ ၃လ တစ်ကြိမ် အရင်းနဲ့ အတိုးကို ပြန်ပေး ဆပ်ရမှာပါ။ ဆိုင်အရွယ်အစားပေါ်မူတည် ထုတ်ချေးပေးမှာ ဖြစ်ပြီး မတည်ငွေကျပ်သိန်း ၅၀ အထိရှိတဲ့ဆိုင်အငယ်တွေကို ၃၅ သိန်း အများဆုံးထုတ်ချေးပေးမှာဖြစ်ပြီး၊ မတည်ငွေကျပ်သိန်း ၁၀၀ အထိရှိတဲ့ဆိုင်လတ်ကို သိန်း ၇၀ ၊ မတည်ငွေကျပ်သိန်း ၁၅၀ အထိရှိတဲ့ဆိုင်ကြီးကို ကျပ်သိန်း ၁၀၀ ဆိုပြီး အများဆုံး ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ ချေးငွေရယူလိုသူအနေနဲ့ ကိုယ်ပိုင်မြေ၊ အဆောက်အဦးအပေါ်မှာ ဖြစ်စေ၊ တရားဝင်ငှားရမ်းပြီးဖြစ်စေ အခြေတကျဖွင့်လှစ်ထားကြောင်း အထောက်အထားကို တင်ပြရမှာဖြစ်ပြီးတော့ ဆိုင်ဖွင့်လှစ်ထားတဲ့ သက်တမ်း တစ်နှစ် အထက်ရှိရမှာ ဖြစ်ပါတယ်။ သတင်း-စိုးချစ်ပိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024