ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်မှ ဝင်ပြိုင်မည်
DVB
·
July 23, 2020
၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းကို အန်အယ်လ်ဒီပါတီက ဒီကနေ့ ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀) ကနေ ဝင်ပြိုင်မှာဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဖလမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။