ဖားကန့် ဝှေခါကျေးရွာတွင် မြေပြိုကျမှု ထပ်ဖြစ်၊ ယာဉ်နှင့်နေအိမ်အချို့ပါသွား
DVB
·
July 20, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက်က မကြာသေးခင်က မြေပြိုကျခဲ့တဲ့နေရာမှာ ဒီနေ့မနက်က မြေထပ်မံပြိုကျခဲ့တာကြောင့် ယာဉ်နဲ့ နေအိမ်အချို့ ပါသွားတယ်လို့ သိရပါတယ်။
[caption id="attachment_400430" align="alignleft" width="430"] Photo : MOI[/caption]
မြေပြိုကျမှုကြောင့် ဖားကန့်ဆိုင်ဘွမ်ကုမ္ပဏီ အဆောက်အဦနဲ့ ဘက်ဟိုး ၁ စီး၊ နေအိမ် ၁၂ လုံး (လူနေထိုင်ခြင်းမရှိ) ပါသွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိဘူးလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် အန္တရာယ်ရှိတဲ့ နေအိမ်တွေကို ကူညီရွှေ့ပြောင်းပေးနေတယ်လို့ ဆိုပါတယ်။
မြေပြိုကျမှု ထမ်မံဖြစ်ပွားတဲ့နေရာကို ဖားကန့်မြိုနယ် မီးသတ်တပ်ဖွဲ့ဝင်တွေ သွးရောက်ပြီး ကူညီဆောင်ရွက်ခဲ့ကြပါတယ်။
ဖားကန့်မြို့နယ်၊ ဝှေခါရွာနားက ကျောက်မျက်လုပ်ကွက်ထဲမှာ ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက မြေပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်ရှာသူ ၁၇၂ ယောက် သေဆုံး၊ ၅၄ ယောက် ဒဏ်ရာရပြီး ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်။
မြေပြိုကျမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဇူလိုင် ၅ ရက်နေ့မှာ စုံစမ်းရေးအဖွဲ့က အဲဒီနေရာတွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်။