ဖောင်းပြင်မြို့နှင့် ရွှေကူမြို့အနီး မြေငလျင်လှုပ်
DVB
·
July 17, 2020
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့အနီးနဲ့ ကချင်ပြည်နယ် ရွှေကူမြို့အနီးမှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေ လှုပ်ခတ်သွားတယ်လို့ မိုးဇလ ဌာနကထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၆ ရက်၊ မြန်မာစံတော်ချိန် ည ၈ နာရီ ကျော်လောက်က တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၄)မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဖောင်းပြင်မြို့ရဲ့ အနောက်တောင်ဘက် ၁၈ မိုင်ခန့်အကွာ အနက် ၇၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်ပါတယ်။
ဇူလိုင် ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၂၂ မိနစ်ကလည်း ကသာမြေငလျင်စခန်းမှ အရှေ့ဘက် ၂၃ မိုင်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ရွှေကူမြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- မိုးဇလ