Home
Lead Story
ကိုဗစ်လှိုင်းနှင့် ရန်ကုန်တိုင်း
DVB
·
July 16, 2020
data story
ရန်ကုန်တိုင်း မြန်မာနိုင်ငံအတွင်း ကိုဗစ်နိုင်တင်း ကူးစက်နှုန်း အများဆုံး ဖြစ်ပွားသည်မှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အတည်ပြုလူနာပေါင်း (၃၃၇)ဦး ရှိသည့်အနက် (၇၂)ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ကာ (၂၄၃) ဦး ရှိပါသည်။
အစုလိုက် ကူးစက်မှု များပြားခဲ့သည့် ရန်ကုန်တိုင်းအတွင်း အခုချိန်မှာတော့ ပြည်တွင်းကူးစက်ခံ လူနာများ ထပ်မံမတွေ့ရတော့သည်မှာ မေလ(၁၈)ရက်မှ ယနေ့ ဇူလိုင်လ (၁၆)ရက်နေ့အထိ ရက်ပေါင်း(၆၀) ဆက်တိုက် ရှိပြီ ဖြစ်သည်။ ကူးစက်၊ သေဆုံး၊ ဖြစ်ပွား၊ ကုသဆဲ ရန်ကုန်တိုင်းမှ ရောဂါဖြစ်ပွားသူ (၂၄၃) ဦးတွင် အမျိုးသား (၁၄၃) ဦးနှင့် အမျိုးသမီး (၁၀၀)ဦး ရှိပါသည်။ ရောဂါကူးစက်ခံရသူများအနက် (၅)ဦးမှာ သေဆုံးခဲ့ပြီး သေဆုံးသူအားလုံးမှာ အသက် (၆၀) နှစ်အထက် မူလရောဂါအခံရှိသူများဖြစ်သည်။ ထိုအထဲမှ တစ်ဦးမှာ သေဆုံးပြီးမှ ရောဂါကူးစက်ခံရသူဖြစ်ကြောင်း ဓာတ်ခွဲအတည်ပြုနိုင်ခဲ့သည်။ ရောဂါဖြစ်သူအများစုက အသက်(၂၀-၂၉)နှစ်ကြားအရွယ်များ ဖြစ်ကြသည်။ အသက်အငယ်ဆုံးလူနာမှာ (၁နှစ်၆လ) ဖြစ်ပြီး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းပြီးဖြစ်သည်။ အသက်အကြီးဆုံးလူနာ (၈၅)နှစ်အရွယ်ဖြစ်ပြီး (၂)ဦးရှိသည်။ တစ်ဦးမှာ ကင်ဆာရောဂါအခံကြောင့် ကွယ်လွန်ပြီးဖြစ်ပြီး၊ နောက်တစ်ဦးမှာ ဆေးရုံဆင်းပြီးဖြစ်သည်။ ရန်ကုန်တိုင်းအတွင်းရှိလူနာများ၏ ၇၅% (၁၈၂ ဦး) မှာ ရောဂါပျောက်ကင်းပြီ ဖြစ်သည်။ လက်ရှိ ဆေးရုံများတွင် ကုသဆဲ လူနာ (၅၆)ဦး ရှိပြီး တောင်ဥက္ကလာပဆေးရုံကြီးတွင် (၃၃)ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၁၄)ဦးနှင့် တပ်မတော် အသည်းရောဂါအထူးကုဆေးရုံကြီးတွင် (၉)ဦး ဆေးကုသခံယူလျက်ရှိသည်။ မြို့နယ်များ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ခရိုင် (၄)ခု၊ မြို့နယ်ပေါင်း (၄၅) မြို့နယ်ရှိပြီး (၂၈) မြို့နယ်မှာ ရောဂါပိုးကူးစက်သူများ တွေ့ရှိရသည်။ အင်းစိန်မြို့နယ်မှာ (၅၀) ဦးနဲ့ ပိုးတွေ့ရှိမှု အများဆုံးဖြစ်ခဲ့သည်။ ယခုအခါ (၁၈)မြို့နယ်မှာ ရောဂါပိုးကင်းစင်ပြီး ဖြစ်သည်။ ရောဂါကင်းစင်မြို့နယ် (၁၈)ခုမှာ သင်္ဃန်းကျွန်း၊ သာကေတ၊ တာမွေ၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာ၊ စမ်းချောင်း၊ ပုဇွန်တောင်၊ ပန်းဘဲတန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တန်း၊ မှော်ဘီ၊ လှိုင်သာယာ၊ ဒေါပုံ၊ အရှေ့ဒဂုံ၊ ဒဂုံ၊ ဗဟန်းနှင့် အလုံမြို့နယ်များ ဖြစ်ကြသည်။ ကုသဆဲလူနာရှိသည့် မြို့နယ် (၁၀)ခုမှာ ကမာရွတ် (၁၃ ဦး)၊ လှိုင် (၁၁ ဦး) ၊ ဗိုလ်တထောင် (၉ ဦး)၊ တောင်ဒဂုံ (၆ ဦး) ၊ မြောက်ဒဂုံ (၆ ဦး)၊ မင်္ဂလာဒုံ (၃ ဦး)၊ ကျောက်တံတား (၃ ဦး)၊ မရမ်းကုန်း (၂ ဦး)၊ လှည်းကူး (၂ ဦး)နှင့် အင်းစိန် (၁ ဦး) တို့ဖြစ်ကြသည်။
ပြည်တွင်း Vs. ပြည်ပ ရန်ကုန်တိုင်းအတွင်းမှာ ပြည်တွင်းမှ ကူးစက်သူပေါင်း (၁၃၄) ဦး (၅၅%)နှင့် ပြည်ပကူးစက်ခံ လူနာပေါင်း (၁၀၉)ဦး (၄၅%) ရှိသည်။ ရန်ကုန်တိုင်းအတွင်း နောက်ဆုံးတွေ့ရှိခဲ့သည် ပြည်တွင်းကူးစက်လူနာမှာ လူနာအမှတ် (၁၈၃) မရမ်းကုန်းမြို့နယ်မှ (၅၇)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ယခုအခါ ရောဂါပျောက်ကင်းပြီးဖြစ်သည်။ ၎င်း လူနာအမှတ် (၁၈၃) အပါအဝင် ခရီးသွားရာဇဝင်မရှိ၊ ရောဂါဖြစ်ပွားသူနှင့်ထိတွေ့မှု မတွေ့ရှိပဲ ရောဂါကူးစက်ခံရသူ (၁၂)ဦး ရှိပါသည်။ လက်ရှိ ဆေးရုံများမှာ ကုသဆဲလူနာများ အားလုံးသည် ပြည်ပမှ ပြန်လာသူများဖြစ်ပါသည်။ ရန်ကုန်တိုင်းအတွင်း ပြည်ပမှပြန်လာသူ ကူးစက်ခံလူနာ (၁၀၉)ဦးမှာ နိုင်ငံတကာလေကြောင်းလိုင်းများ မပိတ်ခင် commercial flight နှင့် ပြန်ဝင်လာသူ (၁၁)ဦး၊ နယ်စပ်များမှ ပြန်ဝင်လာသူ (၈) ဦး၊ Relief Flight ကယ်ဆယ်ရေးလေယာဉ်များနှင့် ပြန်လာသူ နေရပ်ပြန်မြန်မာ (၉၀) ဦးတို့ ဖြစ်ကြပါသည်။ ရန်ကုန်တိုင်းအတွင်း ပြည်ပမှပြန်လာသူ ကူးစက်ခံလူနာများမှာ အိန္ဒိယ၊ ယူအေအီး၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ယူကေ၊ ဖိလစ်ပိုင်၊ ကွာတာ၊ အီတလီ၊ တရုတ်၊ လာအို၊ မလေးရှား၊ စင်္ကာပူနှင့် အမေရိကန်နိုင်ငံများမှ ပြန်လာသူများဖြစ်သည်။ ရန်ကုန်တိုင်းထဲမှာ ပြည်ပကူးစက်ခံရသူများရဲ့ (၅၂%) တဝက်ကျော်သည် ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးတတိယနိုင်ငံ အိန္ဒိယမှ ပြန်လာသူများဖြစ်ပြီး တပ်မတော်သား အရာရှိ၊စစ်သည် (၁၆)ဦးအပါအဝင် (၅၇)ဦးရှိပါသည်။ ဇူလိုင်လ (၁၃)ရက် စာရင်းများအရ ရန်ကုန်တိုင်းတွင် Facility Quarantineသတ်မှတ်နေရာ (၆၇)ခု တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူများ (၄,၀၈၆) ယောက်ရှိပြီး တနိုင်ငံလုံးတွင် အများဆုံးဖြစ်သည်။
ရက်ပေါင်း(၆၀) ရန်ကုန်တိုင်းအတွင်း ပြည်တွင်းကူးစက်ခံ လူနာများ ထပ်မံ မတွေ့တော့သည်မှာ မေလ (၁၈)ရက်မှ ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့အထိ ရက် (၆၀) ဆက်တိုက် ရှိပြီ ဖြစ်သည်။ ရန်ကုန်တိုင်းအတွင်းမှ Stay At Home အစီအစဉ်ချမှတ်ခဲ့သော (၁၀)မြို့နယ်ကိုလည်း ဖြေလျှော့လိုက်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်းကူးစက်မှု (၂၈)ရက်ကြာ လုံးဝကင်းစင်မှ စိတ်ချနိုင်မှာ ဖြစ်ကြောင်း ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ ပြည်ပကူးစက်မှုများက တွေ့ရှိနေဆဲဖြစ်သည်။ "မြန်မာနိုင်ငံရဲ့ မြို့ကြီး သုံးမြို့ကတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး တို့ဖြစ်ပါတယ်။ အစပိုင်းမှာ မြို့ကြီးသုံးမြို့စလုံး ရောဂါအန္တရာယ်ကို ကြောက်ပြီးစည်းကမ်းလိုက်နာကြပါတယ်။ နောက်တော့ တဖြည်းဖြည်း ပေါ့လာကြတယ်။ သုံးမြို့ထဲမှာ နေပြည်တော်ကတော့ ပေါ့ဆမှု အနည်းဆုံးလို့ပြောရင် မျက်နှာလိုက်ရာများ ရောက်မလား"ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၁၅ရက်နေ့က ရေးသားထားပါသည်။
"ပြည်သူများ လုံးဝ (လုံးဝ) မပေါ့ဆကြပါနှင့်"
ဟုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာမှနေလည်း နေ့စဉ်ဆက်တိုက် သတင်းအချက်အလက်များ ထုတ်ပြန်ပေးနေလျက် ရှိပါသည်။ By DVB Data Team

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013