သရက်မြို့တွင် အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
July 13, 2020
မကွေးတိုင်း၊ သရက်မြို့မှာ ဇူလိုင် ၁၂ ရက်နေ့ညက အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉ နာရီ၊ ၅၈ မိနစ်၊ ၁၃ စက္ကန့်အချိန်က နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၇၃ မိုင် ခန့်ကွာဝေးသော၊ သရက်မြို့ရဲ့ အနောက်မြောက်ဘက် ၁၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉.၄၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၀၆ ဒီဂရီ၊ အနက် ၃၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။