ဆိပ်ဖြူတွင် စိုက်ပျိုးထားသည့် ကျွန်းပင်များ ၉၀ ရာခိုင်နှုန်း အောင်မြင်
DVB
·
July 5, 2020
ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာန သစ်တောကြိုးဝိုင်းတွေမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ ကျွန်းစိုက်ခင်းမြေဧက ၁၅၀၀ မှာ ကျွန်းပင် စုစုပေါင်း ၉ သိန်းခွဲလောက် စိုက်ပျိုးထားပြီး ၉၀ ရာခိုင်နှုန်း အောင်မြင်တယ်လို့ သိရပါတယ်။
၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာတော့ ဘတ်ဂျက်ငွေကျပ် ၄၂၀ သိန်း သုံးစွဲပြီး မြေဧက ၁၀၀ မှာ ကျွန်းပင်ပေါင်း ၅၄၀၀၀ ပင် စိုက်ပျိုးထားတယ်လို့ မြို့သစ်တောဦးစီးမှူး ဦးထက်လင်းက ပြောပါတယ်။
အခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း အောက်တိုဘာလမှ စတင်ကာ စစ်နှင့်တိုးချဲ့ကြိုးဝိုင်းအတွင်း ကျွန်းပင် ၅၄,၀၀၀ စိုက်ပျိုးခဲ့ပြီး အခုလမှာ ပထမအကြိမ် ပေါင်းရှင်းတာ၊ ဖြည့်စွက်ပင် စိုက်ပျိုးတာတွေ ဆောင်ရွက်တေယ်လို့ ဆိုပါတယ်။
“ကျနော်တို့က တစ်ဝက်ကို နှစ်ချင်းပျိုး၊ တစ်ဝက်ကို တစ်နှစ်သား ပျိုးပင် သက်တမ်း၊ တစ်ဝက်စီ စိုက်ပျိုးတာပါ။ နိုင်ငံပိုင်စီးပွားဖြစ် ကျွန်းစိုက်ခင်းကို ပြည်ထောင်စု ဘတ်ဂျက်ကနေ တစ်ဧကကို လေးသိန်းနှစ်သောင်းကျပ် ဖြစ်ပါတယ်” လို့ သစ်တောဦးစီးမှူး ဦးထက်လင်းက ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ စစ်နှင့်တိုးချဲ့ကြိုးဝိုင်း၊ လက်ပံကြိုးဝိုင်း၊ ဆိပ်ဖြူထင်းကြိုးဝိုင်း၊ သပြေကြိုးပြင်ကာကွယ်တော၊ သပြေတိုးချဲ့ကာကွယ်တော၊ ဝံယူကြိုးပြင်ကာကွယ်တော၊ အိုင့်ကြီးကြိုးပြင်ကာကွယ်တောတို့မှာ စုစုပေါင်းဧက ၇၀၀၀၀ ကျော် ရှိတယ်လို့ သစ်တောဦးစီးဌာနက သိရပါတယ်။
ဆိပ်ဖြူမြို့ရှိ ကြိုးပြင်ကာကွယ်တောတွေမှာ သန်း၊ ဒဟက်၊ ထောက်ကြံ၊ ရှား၊ လွန်ပို၊ သစ်ဆေး၊ အင်၊ အင်ကျင်း၊ သစ်ရာ စတဲ့ သစ်မျိုးများစေ့များ ပေါက်ရောက်ပြီး သစ်တောကြိုးဝိုင်းတွေမှာတော့ ကျွန်း၊ ပိတောက်၊ နှော၊ ပျဉ်းကတိုး စတဲ့ သစ်မျိုးတွေ ရှိတယ်လို့ ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။
ကိုလင်း(ချောက်)