Home
မြန်မာသတင်း
ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်ကြောင့် ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာရုံးနှင့် နေအိမ် ၃ လုံး ပျက်စီး
DVB
·
June 22, 2020
104051771_942523466176167_5770553195130493743_n
104324867_942523289509518_131746492093192397_n
103459454_942524029509444_2447382658009488073_n
ဇွန် ၂၂ ရက် မနက် ၅နာရီ ၁၀ မိနစ်အချိန် ပြင်းအားရစ်(ခ်)တာစကေး ၅.၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာရုံး ၁ ရုံးနဲ့ နေအိမ် ၃ လုံး အနည်းငယ် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မြေငလျင်လှုပ်ခတ်မှုကြောင့် ရိခေါ်ဒါရ်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ရိပြည်ထောင်စုရိပ်သာ Portico (ဆင်ဝင်) မျက်နှာကြက် အက်ကွဲ ကွာကျပျက်စီးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံ‌ရေးဌာန ရုံးအဆောက်‌အဦ အရှေ့မျက်နှာစာ နံရံတွေ အက်ကွဲကွာကျပျက်စီးခဲ့တယ်လို့ ရိခေါ်ဒါရ် ပြန်/ဆက်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဦးထန်းအောင် နေအိမ် နှစ်ထပ်တိုက် ပင်မဆောင်နဲ့ကပ်လျက် ဝရံတာ၊ မီးဖိုဆောင်၊ ပန်းတင်ခုံတွေ၊ ဒေါ်ဇွန်ကိမ်းရဲ့ နေအိမ် တစ်ထပ်တိုက်အတွင်း အိပ်ခန်းနံရံ၊ မီးဖိုချောင်၊ မီးဖိုခန်း လှေကားအိမ်တွေနဲ့ ဦးငွန်နယ်ကျဲအိုရဲ့ နေအိမ် နှစ်ထပ်တိုက် (ဆောက်လုပ်ဆဲ) နံရံတွေ အက်ကွဲပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မြေငလျင်ကြောင့် ထိခိုက်ပျက်စီးတဲ့နေရာတွေကို ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့်အတူ ၀ရဲတပ်ဖွဲ့၊ မီးသတ်၊ လ.ဝ.က၊ ပြန်/ဆက်၊ စည်ပင်ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက် လူငယ်တွေက သွားရောက်ပီုး ကူညီပေးခဲ့ကြပါတယ်။ မြေငလျင်လှုပ်ခတ်မှုကြောင့် ဌာနဆိုင်ရာရုံး ၁ ရုံး၊ ရိပြည်ထောင်စုရိပ်သာနဲ့ ပုဂ္ဂလိကလူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024