Home
မြန်မာသတင်း
ခရီးသည်တင်ကားနှင့် ဆိုင်ကယ်တိုက်မှုကြောင့် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်
DVB
·
June 20, 2020
104760593_1116548678744840_5389762629275358439_n
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အထွက် မိုင်တိုင်အမှတ် ၆၄/၂ မှာ ဇွန် ၁၉ ရက်‌ နေ့လယ် ၁ နာရီအချိန်က လက်ပံတန်း ခရီးသည်တင်ကားနဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသား ၁ ဦး နေရာတင်သေဆုံးပြီး နောက်မှာလိုက်ပါလာတဲ့ သမီးဖြစ်သူ အပြင်းအထန် ထိခိုက်မိတာကြောင့် ရန်ကုန်ဆေးရုံကို အရေးပေါ်တင်ပို့ခဲ့ရတယ်လို့ တိုက်ကြီးမြို့ ဥက္ကံနယ်မြေရဲစခန်းက သိရပါတယ်။ မျက်မြင်သက်သေတဦးက “ကားက လက်ပံတန်းဘက်ကနေ မောင်းလာပြီး ဒီနားရောက်တော့ ရှေ့ကမောင်းနေတဲ့ သုံးဘီးဆိုင်ကယ်ကိုကျော်ပြီး ဒီဘက်ကမောင်းလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်တာ။ ကားက အရှိန်များတယ်” လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဝံကိုက်ကျေးရွာနေသူ ဦးဝင်းကို (၃၇-နှစ်)ဟာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ၊ ဝဲဘက်ခြေသလုံးကျိုးကြေ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး သမီးဖြစ်သူ မမြတ်နိုးခိုင်မှာ နှာခေါင်းသွေးထွက်၊ ယာနားသွေးထွက်၊ ယာခြေသလုံးကျိုးကြေ ဒဏ်ရာတွေ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်တင်ပို့လိုက်ရပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ဥက္ကံနယ်မြေရဲစခန်းက ယာဉ်မောင်း နိုင်လင်းကျော်ကို လူသေဆုံးတဲ့အထိ ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၃၀၄(က)၊ ၃၃၇၊ ၃၃၈၊ ၂၇၈ တို့နဲ့ အမှုစစ် ဒုရဲအုပ်သက်မောင်မောင်က အမှုဖွင့် ဆောင်ရွက်ထားပါတယ်။ မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024