Homeမြန်မာသတင်း
တာချီလိတ်တွင် ကျပ်သိန်း ၃ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ ဖမ်းမိ
တာချီလိတ်တွင် ကျပ်သိန်း ၃ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ ဖမ်းမိ
DVB
·
June 19, 2020
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ ငွေကျပ်သိန်း ၃၀,၃၉၂ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်/ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၁၇ ရက် မနက် ၁၀ နာရီခွဲလောက်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျထီးနားကျေးရွာအထွက်မှာ ရပ်ထားတဲ့ Toyota Hilux Revo အမျိုးအစားမော်တော်ယာဉ်ကိုစစ်ဆေးရာ ယာဉ်မောင်း ကျဘိုရှဲ အားတွေ့ရှိပြီး ကျအူ နှင့် ကျခူ တို့ ၂ ဦး တောအတွင်း ထွက်ပြေးသွားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။
မော်တော်ယာဉ်ရှေ့ခန်းမှာ အမ်-၂၁ တစ်လက်၊ ကျည် ၇၁ တောင့်၊ ၉ မမပစ္စတိုတစ်လက်၊ ကျည်အိမ်တခုနဲ့ ကျည် ၄၇ တောင့်၊ ယာဉ်ရဲ့နောက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းနဲ့ ဘိန်းဖြူ ၂ ဒသမ ၄၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ကျဘိုရှဲ (၂၃) နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။