Home
အနုပညာ
ဝေလ၊ ရွှေထူး၊ အိမ့်ချစ်နှင့် အဆိုတော်များ ပါဝင်သည့် ကိုဗစ်-၁၉ ရန်ပုံငွေအွန်လိုင်းဂီတ ဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
June 15, 2020
The Sound of Happiness COVID Fund Online Music JOOX
နာမည်ကြီး တေးသံရှင်တွေ ဖြစ်ကြတဲ့ ဝေလ၊ ရွှေထူး၊ အိမ့်ချစ်တို့ အပါအဝင် အဆိုတော် ၈ ယောက်ပါဝင်တဲ့ အွန်လိုင်းရန်ပုံငွေဂီတဖျော်ဖြေပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။ The Sound of Happiness လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ World Music Day မှာ JOOX အပလီကေးရှင်းကနေတဆင့် အွန်လိုင်းလိုက်ဖ်အနေနဲ့ ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ တခြားအဆိုတော်တွေအနေနဲ့ Big Bag၊ ဖြိုးပြည့်စုံ၊ ဖြူဖြူကျော်သိန်း၊ မေနဲ့ ချမ်းမြေ့မောင်ချိုတို့ကလည်း ပါဝင်သွားကြမှာ ဖြစ်ပြီး နိုင်ငံတကာက အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တွေကလည်း ဖျော်ဖြေတင်ဆက်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ ပရိသတ်တွေအနေနဲ့ ဒီဖျော်ဖြေပွဲကို ကြည့်ရှုရင်း ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်ကို အပ လီကေးရှင်းထဲမှ Gift တွေပေးကာ အားပေးကြည့်ရှုနိုင်ပြီး  ဒီကရရှိတဲ့ ငွေတွေကို လတ်တလော ကိုဗစ်-၁၉ ရောဂါတုံ့ပြန်တားဆီးရေး အစီအစဉ်တွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီပေးနေတဲ့ ယူနီဆက်ဖ်(UNICEF) အဖွဲ့ကို လှူဒါန်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013