တိုက်ကြီးတွင် တောဆင်ရိုင်းကြောင့် နေအိမ် ၃ လုံး ပျက်စီး
DVB
·
June 13, 2020
တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာမှာ ဇွန် ၁၂ ရက် ည ၁၁ နာရီက တောဆင်ရိုင်းတကောင် ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃ လုံး ပျက်စီးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောပါတယ်။
“ည ၁၁ နာရီကျော်အချိန်လောက် ဝင်လာပြီး နေအိမ် ၃ လုံး ဖျက်ဆီးသွားပြီး မနက် ၆ နာရီအချိန်ခန့်က သစ်တောစိုက်ခင်းထဲ ပြန်ဝင်သွားတယ်။ တန်ဖိုးငွေ ၄ သိန်းခွဲခန့် ရှိတယ်။ တောဆင်ရိုင်းက (ဒေသအခေါ်) ဂျစ်ကားလို့ ခေါ်တယ်။ ဆင်က ဒီနားကရွာတွေအနီးအနားမှာ နေတာများပြီး စပါးခင်းနဲ့ တခြားသီးနှံစိုက်ခင်းတွေကို ဝင်စားသောက်တယ်။ ပြီးတော့ ရွာတွေထဲကို ဝင်တယ်။ အိမ်မှာရှိတဲ့ ဆန်နဲ့ တခြားရိက္ခာတွေကို ဝင်စားသောက်ပြီး နေအိမ်တွေကို ဖျက်ဆီးခဲ့တာတွေလည်း ရှိတယ်။”
ပဲခူးရိုးမ တဘူးလှဆည် တည်ဆောက်ခဲ့ချိန်ကစတင်ပြီး တောဆင်ရိုင်းတွေ စားကျက် ပျောက်ခဲ့တာပါ။ ဆင်တွေ စားကျက် ပျောက်ခဲ့တဲ့အတွက် ပဲခူးရိုးမအနီးရှိ ကျေးရွာတွေကို ဝင်ရောက်ပြီး စိုက်ခင်းတွေကို ဝင်ရောက်စားသောက်ခြင်း၊ ကျေးရွာများကို ဝင်ရောက်ပြီး နေအိမ်များကို ဝင်ရောက်စားသောက် ဖျက်ဆီးတာတွေ ဖြစ်ပေါ်ခဲ့တာပါ။
တိုက်ကြီးမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တောဆင်ရိုင်း ၁၀ ကောင်ထက် ဆင်မုဆိုးတွေ အသတ်ခံခဲ့ရပြီး တနှစ်ကို တောဆင်ရိုင်း အနင်းခံရပြီ လူ ၃ ဦးလောက် သေဆုံးခဲ့ပါတယ်။
မေသွယ်