ရေမဆေးကျောက်ရှာဖွေသူ ၁ ဦး အမြင့်ပေ ၃၀၀ ရှိ စွန့်ပစ်မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံး
DVB
·
June 13, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုကောင်ဆန်ကျေးရွာရှိ စိန်လုံတောင်တန်းကုမ္ပဏီလုပ်ကွက် စွန့်ပစ်မြေစာပုံအမြင့်ပေ ၃၀၀ လောက်ရှိ ကမ်းပါးကနေ ဇွန် ၁၂ ရက မနက်ပိုင်းက ရေမဆေးကျောက်ရှာဖွေတဲ့ အမျိုးသား ၁ ဦး ပြုတ်ကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်းအရ ဖားကန့်ရဲစခန်း ဆိပ်မူရဲကင်းတို့မှ တာဝန်ရှိသူတွေနဲ့ သက်သေတွေ သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ အောင်သန်းဌေး (၂၈-နှစ်) ရေမဆေးကျောက်ရှာသူဖြစ်ပြီး စွန့်ပစ်မြေစာပုံအဟောင်းပေါ်မှ ရေမဆေးကြောက်ရှာဖွေနေစဉ် ခြေချော်ပြုတ်ကျသေဆုံးတာလို့ သိရပါတယ်။
သေဆုံးသူ ရုပ်အလောင်းအား ဓမ္မတာအတိုင်း သေဆုံးကြောင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ဖို့ ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖားကန့်လုပ်ကွက်ဟောင်း မြေစာပုံတွေက ရေမဆေးကျောက်ရှာဖွေသူတွေ မတော်တဆ သေဆုံးမှုတွေဟာ မိုးရာသီမှာ ပိုအဖြစ်များကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မုန်းမုန်းမင်း