ရန်ကုန် ကုန်ဈေးတန်းလမ်း အလယ်ဘလောက်တွင် တိုက်ပြိုကျ
DVB
·
June 11, 2020
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်ဈေးတန်းလမ်း(အလယ်ဘလောက်)မှာ ဒီကနေ့ ဇွန်လ ၁၁ ရက် မွန်းလွဲ ၃ နာရီလောက်က တိုက်ပြိုမှုဖြစ်ပွားခဲ့ပါတယ်။
တိုက်ပြိုကျတဲ့နေရာကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးယာဉ် တစ စီးသွားရောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပန်းပဲတန်းမြို့နယ်မှာ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းကလည်း မဟာဗန္ဓုလလမ်း၊ ၂၇ လမ်းနဲ့ လမ်း ၃၀ ကြားက ၃ ခန်းတွဲ ၂ ထပ်တိုက် တစ်လုံးရဲ့ နောက်ဘက်ခြမ်းပြိုကျခဲ့ပါတယ်။
ဇွန်လ ၁ ရက် ညနေကလည်း အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ဗောဓိလမ်းက နှစ် ၈၀ လောက် သက်တမ်းရှိတဲ့ ၂ ထပ်တိုက်တလုံး ပြိုကျခဲ့ သလို စမ်းချောင်းမြို့နယ်၊ နန္ဒဝန်လမ်းမှာလည်း မေ ၃၀ ရက် ညပိုင်းက ၄ ထပ်တိုက်တလုံးရဲ့ မျက်နှာစာပြိုကျခဲ့ပါသေးတယ်။
ဒါ့အပြင် မေ ၂၁ ရက် မနက် အစောပိုင်းကလည်း တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ ဦးလွန်းလမ်းမှာ ၄ ထပ်တိုက်တလုံးပြိုကျခဲ့ပြီး လူတချို့ ဒဏ်ရာရခဲ့ပါတယ်။