၂ ရက်ဆက် ဗုံးပေါက်ကွဲခဲ့သည့် မြဝတီမြို့တွင် လုံခြုံရေးတင်းကျပ်
DVB
·
June 11, 2020
ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဗုံးပေါက်ကွဲမှုတွေ နှစ်ရက်ဆက် ဖြစ်ပွားခဲ့ ပြီးနောက် လုံခြုံရေးတင်းကျပ်ပြီး တရာခံဖမ်းဆီးမိရေး ရွာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။
မြဝတီမြို့ နယ်ခြားစောင့်တပ်ဖွဲ့၊ ယာဉ်ထိမ်းရဲ၊ ရဲတပ်ဖွဲ့ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ မြဝတီမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပါဝင်ပူးပေါင်းပြီး မြို့ဝင်လမ်း၊ ချစ်ကြည်ရေးတံတားအမှတ် ၁ ရှေ့ နဲ့ ဓိဌာန်အောင်ဘုရားပတ်လမ်း၊ ဆေးရုံရှေ့နဲ့ အခြား ရပ်ကွက် ၅ ခုမှာ မနေညက ကင်းလှည့်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
လှည့်ကင်းဆောင်ရွက်ရာမှာ အိမ်ခြေရာမဲ့တွေနဲ့ အလုပ်လက်မဲ့တွေကို ဖမ်းဆီးမိခဲ့တာ ရှိပေမယ် ဗုံးပေါက်ကွဲမှု တရားခံကိုတော့ ဖမ်းဆီးမိခြင်း မရှိသေးဘူးလို့ မြဝတီမြို့ နယ်ခြားစောင့်တပ် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ နိုင်မောင်ဇော်က ပြောပါတယ်။
ဗုံးပေါက်ကွဲမှု တရားခံအား ဖမ်းဆီးမိရေးအတွက်လည်း ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရင့်နောင်လမ်းမပေါ်မှာ ဇွန်လ ၉ ရက် ည ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲတာခဲ့တာကြောင့် Toyota Hilux Surf မော်တော်ယာဉ်တစ်စီး ဗုံးစထိမှန်ပျက်စီးခဲ့သလို ယာဉ်ပေါ်ပါ ရဟန် ၁ ပါး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါတယ်။
ဇွန်လ ၈ ရက် ညပိုင်းကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ရဲစခန်းရှေ့နားမှာ မော်တော်ဆိုင်ကယ်စီးလာသူနှစ်ဦးက ဗုံး ၂ လုံးပစ်ချသွားရာကနေ ၁ လုံးပေါက်ပွဲပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
သတင်း - ဖိုးစီ