ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီကို WavePay မှတဆင့် လှူဒါန်းနိုင်
DVB
·
May 31, 2020
ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တွေအတွက် ပြည်သူလူထုအနေနဲ့ ထောက်ပံ့လှူဒါန်းငွေပေးအပ်ရာမှာ WavePay အက်ပလီကေးရှင်းကနေတဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ အမျိုးသားအဆင့် ဗဟိုကော်မတီကို တိုက်ရိုက်လှူဒါန်းနိုင်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ကုမ္ပဏီတခုဖြစ်တဲ့ Wave Money မှ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ အစီအစဉ်တွေအတွက် ဝန်ဆောင်ခ ကောက်ခံခြင်းမရှိ ဆောင်ရွက်ပေးနေတာပါ။
ပြည်သူတွေအနေနဲ့ WavePay အက်ပလီကေးရှင်းရှိ “အလှူဒါန” ဝန်ဆောင်မှုကဏ္ဍကနေ ရွေးချယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
WavePay App ရဲ့ “အလှူဒါန” ဝန်ဆောင်မှုအောက်က PCNC Covid Donation ကိုရွေးချယ်ပြီး တိုက်ရိုက်လှူဒါန်းနိုင်ဖို့ ဆောင်ရွက်ပေးထားပြီး အလှူငွေတွေကို Quarantine ဝင်နေတဲ့ လူနာတွေနဲ့ သံသယလူနာတွေကို စောင့်ကြည့်ဖို့၊ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ အသိပညာပေး အစီအစဉ်တွေ သတင်းဖြန့်ဝေခြင်းတွေနဲ့ ဆေးပစ္စည်းကိရိယာတွေကို တင်သွင်းရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။