Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တွင် ဟိုင်းလတ်ခရီးသည်ယာဉ်နှင့် ကုန်တင်ကားတိုက်မိပြီး ၂ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ
DVB
·
May 27, 2020
100810500_1097813183951723_1764167897120243712_n
100494095_1097813030618405_3475471863587536896_n
100105869_1097813150618393_4934251720352989184_n
100105546_1097813263951715_3472702829452328960_n
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူကျေးရွာအုပ်စု ဂျိုးဖြူကွေ့မှာ မေလ ၂၆ ရက် ညက ပြည်ဘက်မှလာတဲ့ ၁၀ ဘီးကားနဲ့ ခရီးသယ်တင်ဟိုင်းလတ်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့လို့  ဟိုင်းလတ်ကားပေါ်ပါ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိပါတယ်။ ည ၈ နာရီကျော်လောက်က တိုက်ကြီးမှ ဥက္ကံသို့ ယာဉ်မောင်းဦးစန်းလွင်မောင်းနှင်တဲ့ ဟိုင်းလတ်ကားနဲ့ ဥက္ကံမှတိုက်ကြီးသို့ ယာဉ်မောင်းကိုနိုင်ကြီး မောင်းနှင်တဲ့ ၁၀ ဘီး ကုန်တင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့ တိုက်ကြီးမြို့မီးသတ်ဦးစီးဌာနက ဦးစီးမှူး ဦးနိုင်ဦးက ပြောပါတယ်။  အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ ဦးက အခင်းဖြစ်နေရာသေဆုံးခဲ့ကာ  ကျန်ဒဏ်ရာရလူနာ ၁၀ ဦးကို တိုက်ကြီးဆေးရုံကနေ အင်းစိန်ဆေးရုံကို နိဗ္ဗာန်ချမ်းသာ မင်္ဂလာအသင်း၊ ခိုကိုးရာမဲ့ ဘိုးဘွားစောင့်ရှောက်ရေးနဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်း၊ မိုးစေတနာပရဟိတအသင်း ရန်ကုန်(တိုက်ကြီးရုံးခွဲ)၊ နှောင်ကြိုးမဲ့ အခမဲ့နာရေးကူညီမှုအသင်း ရွှေမြယာတို့မှ လူနာတင်ယာဉ်တွေနဲ့ ဆက်လက်ပို့ ဆောင်ခဲ့တယ်။ ဟိုင်းလတ်အဖြူ ခေါင်းခန်းမှာ ညှပ်နေတဲ့ အမျိုးသားတဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့တယ်။ အဆိုပါယာဉ်တိုက်မှုကြောင့် တိုက်ကြီးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးက တရားလိုပြုလုပ်ပြီး တိုက်ကြီးမြို့မရဲစခန်းမှာ ယာဉ်ကိုလူသေဆုံးတဲ့အထိ မဆင်မချင်မောင်းနှင်သူ ယာဉ်မောင်း ဦးစန်းလွင်နဲ့ ကိုနိုင်ကြီးတို့ကို ပုဒ်မ ၃၀၄ (က)၊ ၃၃၇၊ ၃၃၈၊ ၂၇၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ယာဉ်မှုစစ်တပ်ကြပ်ကြီး ကိုအောင်ကျော်လတ်က ပြောပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024