ဟင်းသီးဟင်းရွက်နှင့် သားငါးများကို တပ်မတော်က စျေးလျှော့ရောင်းချ
အောင်ကိုကိုလတ် (နေပြည်တော်)
·
May 26, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း နေပြည်တော်မှာ ဝန်ထမ်းတွေ သက်သာချောင်ချိစေဖို့အတွက် ရည်ရွယ်ပြီး ဟင်းသီးဟင်းရွက် သားငါးတွေကို တပ်မတော်က စျေးလျှော့ ရောင်းချပေးနေပါတယ်။
“တပ်မတော်ရဲ့ ညွှန်ကြားချက်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ပုံမှန်စျေးထက် လျှော့ပြီး ရောင်းချပေးထားတာပါ”လို့ ဗိုလ်ကြီးသိန်းဇော်ဦးက ပြောပါတယ်။
တပ်မတော်ကနေ ကြက်သား၊ ဝက်သားနဲ့ ဟင်းသီးဟင်းရွက်တွေကို မနက် ၇ နာရီကနေ စပြီး ကားနဲ့ လူနေအိမ်ရာတွေဘက်တွေကို လှည့်လည်ရောင်းချပေးတာဖြစ်တာလည်း ဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ခရီးချဉ်သီး ၁ ပိဿာကို ကျပ် ၃၀၀ ၊ ဂေါ်ဖီထုပ် တထုပ် ကျပ် ၁၀၀၊ ကြက်ဥတစ်လုံး ကျပ် ၁၀၀ ၊ ကန်စွန်းရွက်တစ်စည်း ကျပ် ၁၀၀ ဈေးနှုန်းနဲ့ ရောင်းချပေးတာလို့ ဆိုပါတယ်။
ဗိုလ်ကြီး သိန်းဇော်ဦးက “ဝက်သား ၊ ကြက်သား၊ ကြက်ဥနဲ့ ကန်းစွန်းရွက်ကတော့ ကျနော်တို့ တပ်ကထွက်တဲ့ အရာတွေပေါ့။ ခရမ်းချဉ်သီးတို့၊ အာလူးတို့၊ ဂေါ်ဖီတို့ကတော့ ထွက်တဲ့ ဒေသတွေရဲ့ စိုက်ပျိုးခြံတွေကနေတဆင့် ပြန်ဝယ် ရောင်းချပေးတာပါ”လို့ ပြောပါတယ်။
ဒါ့အပြင် ဝက်သား ၁ ပိဿာကို ကျပ် ၇၀၀၀ နဲ့ ကြက်သား ၁ ပိဿာကို ကျပ် ၄၅၀၀ နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။