Homeမြန်မာသတင်း
ပုသိမ်မြို့တွင် ပြန်ဖွင့်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ စည်းကမ်းလိုက်နာမှု အားနည်း
ပုသိမ်မြို့တွင် ပြန်ဖွင့်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ စည်းကမ်းလိုက်နာမှု အားနည်း
DVB
·
May 21, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပြန်လည်ဖွင့်လှစ်ခွင့်ပြုတဲ့ ဆိုင်တွေမှာ တိုင်းအဆင့် COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ညွန်ကြားချက်တွေကို လိုက်နာ ဆောင်ရွက်တာ အားနည်းနေတယ်လို့ ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးသက်နိုင်မျိုးက ပြောပါတယ်။
မြို့ပေါ်ရှိ စည်ပင်သာယာလိုင်စင်ပေးထားတဲ့ စားသောက်ဆိုင်တွေအနေဲ့ လက်ဖက်ရည်ဆိုင်တွေဟာ တိုင်းဒေသကြီးအစိုးရရဲ့ ထုတ်ပြန်ချက်တွေနဲ့ ကျန်းမာရေးဌာနထုတ်ပြန်ချက်တွေကို သိရှိလိုက်နာအောင် ခေါ်ယူလက်မှတ်ထိုးသွားမယ်လို့ ဆိုပါတယ်။
ဆိုင်တွေဖွင့်လှစ်ရာမှာ ဆိုင်အပြင်မှာ COVID-19 ရောဂါသတိပေး ဆိုင်းဘုတ်ထားရှိဖို့၊ ဆိုင်စားပွဲတွေ ၆ပေ ခြားဖို့၊ ဆိုင်ဝန်ထမ်းတွေ မျက်နှာကာတွေနဲ့ Maskတွေ၊ လက်အိတ်တွေ တပ်ဆင်ဖို့ ညွှန်ကြားထားပါတယ်။
လိုက်နာဆောင်ရွက်တာမရှိရင် ပထမအကြိမ်မှာ ဆိုင် ၃ ရက်ပိတ်မှာဖြစ်ပြီး ဒုတိယအကြိမ် ၁၀ ရက်နဲ့ တတိယအကြိမ်တွေ့ရှိပါက ဆိုင်ဖွင့်လှစ်ခွင့်ကို အကန့်အသတ်မရှိ ပိတ်သိမ်းမယ်လို့ ထုတ်ပြန်ထားပါတယ်။